Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ မှာ စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီးကပိုးထည်တိုက် ဖောက်ထွင်းခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မေမီ/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၇)ရက်ညက မန္တလေးမြို့ ၊အမရပူရမြို့နယ်၊ ရွှေဂွမ်းရပ်ကွက်မှာရှိတဲ့ ပိုးထည်တိုက်တတိုက် ဖောက်ထွင်းခံရပြီး ကာလပေါက်စျေး ကျပ်သိန်း လေးရာနီးပါးတန်တဲ့ စိန်လက်ကောက်နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ၊ ဖုန်း ၄ လုံးတို့ ခိုးယူခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီပိုးထည်တိုက်ဟာ စစ်ကောင်စီခန့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဝန်ထမ်းအိမ်ရာတို့နဲ့ လမ်းမတခုသာခြားတယ်လို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“နယ်ပိုင်ကြီးအိမ်နဲ့ နီးနီးလေးရယ်။ စိန်တွေကောပါသွားတာ။”လို့ အမရပူရဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။စစ်ကောင်စီလက်အောက်ခံရဲတွေကတော့ အမျိုးသား ၃ ဦးကို သူခိုးလို့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေနဲ့ ရွှေဆိုင်တွေ ဓါးပြတိုက်ခံရတာတွေ၊ ခိုးယူလုယက်ခံရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က ရဲတင်းလှတဲ့ ဖောက်ထွင်းမှုအတွင်း ဆုံးရှုံးခဲ့ရတဲ့ နန်းစဉ် ရတနာတွေရဲ့ တန်ကြေးဟာ ဒေါ်လာ သန်း ၁၀၀ ကျော်ထိ များပြားနိုင်ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့ မိုဘိုင်းဖုန်းဆိုင်တခုဖောက်ထွင်းခံရပြီးဆိုင်ကယ် ၂ စီးအပါအဝင် ဖုန်းအပိုပစ္စည်းများ ဆုံးရှုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။