Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ မှာ စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီးကပိုးထည်တိုက် ဖောက်ထွင်းခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မေမီ/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၇)ရက်ညက မန္တလေးမြို့ ၊အမရပူရမြို့နယ်၊ ရွှေဂွမ်းရပ်ကွက်မှာရှိတဲ့ ပိုးထည်တိုက်တတိုက် ဖောက်ထွင်းခံရပြီး ကာလပေါက်စျေး ကျပ်သိန်း လေးရာနီးပါးတန်တဲ့ စိန်လက်ကောက်နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ၊ ဖုန်း ၄ လုံးတို့ ခိုးယူခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီပိုးထည်တိုက်ဟာ စစ်ကောင်စီခန့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဝန်ထမ်းအိမ်ရာတို့နဲ့ လမ်းမတခုသာခြားတယ်လို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“နယ်ပိုင်ကြီးအိမ်နဲ့ နီးနီးလေးရယ်။ စိန်တွေကောပါသွားတာ။”လို့ အမရပူရဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။စစ်ကောင်စီလက်အောက်ခံရဲတွေကတော့ အမျိုးသား ၃ ဦးကို သူခိုးလို့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေနဲ့ ရွှေဆိုင်တွေ ဓါးပြတိုက်ခံရတာတွေ၊ ခိုးယူလုယက်ခံရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၅ရက် ညနေ ၄ နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို NMD နှင့်အတူ Demon Revolution Army အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူးနဲ့ လဝက ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။ ဒဏ်ရာရသူ ၃ ဦးလုံးဟာအမျိုးသမီးတွေဖြစ်ကြပါတယ်။

သတင်း

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က စစ်ကိုင်း − မန္တလေး ကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

သတင်း

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။