Connect with us

Hi, what are you looking for?

သတင်း

သီပေါမှာ တောင်ယာသွားရောက်လုပ်ကိုင်သူ အမျိုးသား မိုင်းနင်းမိပြီး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲက တုံစင့်ရွာမှာ တောင်ယာသွားရောက်လုပ်ကိုင်တဲ့အမျိုးသားတစ်ဦး မတ်လ ၈ ရက်က မိုင်းနင်းမိပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ သီပေါမြို့ခံ ကူညီရေးအဖွဲ့ ထံကသိရပါတယ်။

ဓာတ်ပုံ - Shar Htet Paing/FB

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက တုံစင့်ရွာမှာ တောင်ယာသွားရောက်လုပ်ကိုင်တဲ့အမျိုးသားတစ်ဦး မတ်လ ၈ ရက်က မိုင်းနင်းမိပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ သီပေါမြို့ခံ ကူညီရေးအဖွဲ့ ထံကသိရပါတယ်။

အသက် ၅၆ နှစ်အရွယ် ဦးစိုင်းဖောင်းဟာ ရွာရဲ့ မြောက်ပိုင်း တောထဲမှာ မိုင်းနင်းမိတာဖြစ်ပြီး ရုပ်အလောင်းကို ကူညီရေးအဖွဲ့က သွားရောက်သယ်ထုတ်ပေးခဲ့ရတာပါ။

” မိုင်းတွေရှိတဲ့တောထဲကို အသက်နဲ့ရင်းပြီး ကူညီရတာပါ” လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သီပေါမြို့နယ် မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်ကြားတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် မြို့ကနေ စစ်ကောင်စီတပ်ကို တိုက်ထုတ်ပြီး သီပေါမြို့ကို TNLA က သိမ်းယူထိန်းချုပ်ထားတာဖြစ်ပါတယ်။

သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မန်ကောင်းကျေးရွာ နဲ့ စံဖိတ်ကျေးရွာတို့မှာ အရပ်သား အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ရှိထားပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက် ရသူဦးရေဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အရ ၁,၀၈၂ ဦး ရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူအများဆုံးဟာရှမ်းပြည်နယ်က ဖြစ်ပြီး စစ်ကိုင်းတိုင်း နဲ့ ရခိုင်ပြည်နယ်တို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

သတင်း

ရှမ်းပြည်န​ယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာမြို့မှာ၁၀နှစ်အောက်ကလေးငယ်လေးဦးဗုံးသီးကိုဆော့ကစားမိရာကနေဖေဖော်ဝါရီလ ၃ ရက်နေ့ခင်းပိုင်းကပေါက်ကွဲမှုဖြစ်ပြီးတစ်ဦးသေဆုံးကာသုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။