Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြစ်​အတိုင်းစုန်ဆင်းလာသည့် စစ်ကောင်စီရေယာဥ် လက်နက်ကြီးထိမှန် မီးလောင်

ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စီးကို တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-ထားဝယ်တပ်ပေါင်းစု

ကျော်ဇော/People’s Spring

ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။

မတ်လ ၁၀ရက် ည ၁၁နာရီခန့်က ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ​၏ စက်လှေတစ်စင်းအား RPG လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဟု ဖော်ပြသည်။

“ညက မြစ်ကြောင်းတိုင်း ဆင်းလာလို့ ဗျင်းထည့်လိုက်တာဗျ။ စကစ ၆၀ လောက်ကိုလိုက်ပါလာတာ။ ထား၀ယ်ကနေမြစ်ကြောင်းအတိုင်း မြိတ်ဖက်ကိုဦးတည်ပြီး ဆင်းလာတာပါ”ဟု ထားဝယ်တပ်ပေါင်းစုတွင်ပါဝင်သည့် လောင်းလုံးမြို့နယ်(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ ၁၀မိနစ်ခန့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စက်လှေ RPG ထိမှန်၍ မီးလောင်ကာ စက်လှေကိုယ်ထည် ပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သား ၂၀ခန့် သေဆုံးကာ ၃၀ခန့် ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

” တိုက်ခိုက်ပြီးနောက်ပိုင်းမှာ မီးလောင်လို့ စက်လှေကိုယ်ထည် ပျက်စီးသွားတယ်။ လှေကတော့ ရေစီးအတိုင်း မျောပါသွားတယ်ဗျ” ဟု လောင်းလုံးမြို့နယ်(ပကဖ)မှ ပြောခွင့်ရသူက ရှင်းပြသည်။

သို့သော် စစ်ကောင်စီတပ်​၏ ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက အတည်မပြုနိုင်ပေ။

အလားတူ မတ်လ ၄ရက် ညနေ ၄နာရီခွဲခန့်ကလည်း ထား၀ယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်း စစ်မှုထမ်းသင်တန်းသားများ တင်ဆောင်၍ ကွန်တိန်နာသင်္ဘောဖြင့် စုန်ဆင်းလာသော စစ်ကောင်စီတပ်သားများအား လောင်းလုံး (ပကဖ)နှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

သတင်း

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force - SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။