သတင်း အိုးဘိုထောင်ဝန်ထမ်းတွေက နိုင်ကျဥ်းတစ်ဦးကိုဝိုင်းဝန်းရိုက်နှက်မှုအပေါ်သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ အကျဥ်းသူတွေကိုဖိအားပေးနေ မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။ ludunwayooဖေဖော်ဝါရီ 15, 2025
နိုင်ငံတကာ ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် အဆင့်မြင့် ဂျက်တိုက်လေယာဉ် ပျက်ကျ ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် အဆင့်မြင့် တိုက်လေယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဖြစ် တိုက်လေယာဉ် ထုတ်လုပ်ရေးအပေါ် မျှော်လင့်ချက် အများကြီး ထားခဲ့တဲ့ လေတပ်အတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ကလေးမြို့နယ်တွင်လေကြောင်းအန္တရာယ်ကြောင့်အသံချဲ့စက်လုံးဝမဖွင့်ရန်၊ သာရေးနာရေးကိစ္စများ အကျဉ်းချုန်းပြုလုပ်ရန်ပအဖသတိပေး ကလေးမြို့နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်း ချုပ် ပြုလုပ်ရန်၊အသံချဲ့စက်များလုံးဝမဖွင့်ရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း တနင်္သာရီမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် PDF အသိပေး တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ဗန်းမော်ရှိ စစ်ကောင်စီဆေးတပ်ကို KIAပူးပေါင်းတပ် သိမ်းပိုက်ထားဟု သတင်းရင်းမြစ်ပြော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြိုရှိ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၁၄ရက်ညပိုင်းတွင် ပြောသည်။ ludunwayooဖေဖော်ဝါရီ 15, 2025