Connect with us

Hi, what are you looking for?

သတင်း

အိုးဘို​ထောင်ဝန်ထမ်း​တွေက နိုင်ကျဥ်းတစ်ဦးကိုဝိုင်းဝန်းရိုက်နှက်မှုအ​ပေါ်သက်​သေလိမ်လည်ထွက်ဆို​ပေးကြဖို့ အကျဥ်းသူ​တွေကိုဖိ​အား​ပေး​နေ

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။

မန္တ​လေး အိုးဘို​ထောင်ကို Google Earth တွင်​တွေ့ရမှု

ရှိန်း/People’s Spring

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။

ဖေဖော်ဝါရီလ၆ ရက်နေ့က တရားရုံးသွားရန်စောင့်နေတဲ့ နိုင်ကျဥ်းအချုပ်သူ မအိမြတ်နန္ဒာထွန်းဟာတခြားအကျဥ်းသူတဦးကိုနှုတ်ဆက်လို့ဆိုပြီး အထွက်မှာ စည်းကမ်းထိန်း မဆုမြတ်
(ခ)မြတ်ကြီးဆိုသူက မျက်နှာကိုလက်သီးနဲ့ထိုးခဲ့ပါတယ်။

အဲဒီနောက် တံခါးရှေ့ကဆင်ဝင်အောက်မှာ တန်းစီး နှင်းစန္ဒာဦး(ခ)မိန်းမိန်းဆိုသူကပါ မအိမြတ်နန္ဒာထွန်းကိုချုပ်ထားပေးပြီး မြတ်ကြီးဆိုသူနဲ့ မတင်တင်ချို(ခ)ကိုဒွေးဆိုသူတို့ကဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ရုံးထုတ်ချိန်မှာ ကျူးလွန်ခံရသူတွေရဲ့မိဘတွေကသိပြီး အရေးယူပေးဖို့ပြောဆိုခဲ့တာကြောင့် အဲဒီညမှာတင် မအိမြတ်နန္ဒာထွန်းကို အဆောင်မှူး၊ဒု-အဆောင်မှူး၊တန်းစီးတွေနဲ့စည်းကမ်းထိန်းသိမ်းရေးတွေက ခေါ်ယူခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တယ်လို့ အကျဥ်းသူတွေဆီကသိရပါတယ်။

ကျူးလွန်ခဲ့သူမဆုမြတ်(ခ)မြတ်ကြီးဆိုသူက”မတောင်းပန်နိုင်ဘူး။ငါတို့လုပ်လို့သေသွားရင်
တောင် သေစာရင်းထဲထည့်လိုက်လို့ရတယ်။တိုင်ချင်ရာတိုင်”လို့ပြောခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက်ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မအိမြတ်နန္ဒာထွန်းနဲ့အတူ ရုံးထုတ်ခဲ့သူတွေအားလုံးကိုခေါ်ပြီး စစ်ဆေးတဲ့အခါကြရင် မအိမြတ်နန္ဒာထွန်းကဆဲလို့ရိုက်နှက်ခံရတာလို့ ထွက်ဆိုဖို့ ခြိမ်းခြောက်ပြောဆိုတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အချုပ်သူတွေက မအိမြတ်နန္ဒာထွန်းကမဆဲကြောင်း ပြောလို့ဆိုပြီး အဆောင်မှူးဒေါ်သွယ်သွယ်ဦး၊ဒုအဆောင်မှူးဒေါ်ဥမ္မာဟန်ဝင်း၊တန်းစီး မသီတာ​ထွေး(ခ)အန်ကယ်ကြီး(ခ)ဗေဒင်ဆရာစိုးဇင်ညွန့်၊တန်းစီးနှင်းစန္ဒာဦး(ခ)မိန်မိန်းဆိုသူတို့က အချုပ်သူတွေကို ခြိမ်းခြောက်​နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။