Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စစ်ကောင်စီဆေးတပ်ကို KIAပူးပေါင်းတပ် သိမ်းပိုက်ထားဟု သတင်းရင်းမြစ်ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြိုရှိ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၁၄ရက်ညပိုင်းတွင် ပြောသည်။

ဗန်းမော်မြို့တွင်း တနေရာအား စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်း အသုံးပြုထားပါသည်

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြိုရှိ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၁၄ရက်ညပိုင်းတွင် ပြောသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီ ဆေးတပ်ကျပြီဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင် ယမန်နေ့ကရေးသားထားရာ ကချင်သတင်းရင်းမြစ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သိမ်းရထားခြင်းဖြစ်ကြောင်း ပြောပြသည်။

ဗန်းမော်တွင် အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း(မဆရ-၁၁)တည်ရှိသည်။

Public Service Announcement

Public Service Announcement

” အခုဗန်းမော်ဘက်မှာ အချို့နေရာတွေသိမ်းထားတယ်။ သို့သော်လည်း သူကအသံမထွက်ဘူး။အသံမထွက်ဘူးဆိုတာက ထွက်လို့မရလို့ မထွက်ဘူး။ အဲဒါ ပြောလိုက်တာနဲ့ လေယာဉ်က တန်းလာတယ်။ ဘာဖြစ်လို့လဲဆို ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သူတို့က ကိုယ့်ထက်ပိုသိတာပေါ့။ အဲဒါသိမ်းတာ ၂ရက်လောက်ရှိပြီ။ သို့သော်ငြားလည်း သတင်းမထုတ်ပြန်ဘူး။ လေယာဉ်က ခဏခဏလာတယ်။ ပြီးတော့ ဒရုန်းတွေရော”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ဗန်းမော်မြို့ကို လေကြောင်းအပြင်းအထန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ရက် နံနက်က လေကြောင်း တိုက်ခိုက်မှု အလွန်ပြင်းထန်ခဲ့သည်ဟု ပြောသည်။

KIAက ဗန်းမော်ဆေးတပ်ကို သိမ်းရပြီဆိုသည့်သတင်းနှင့်ပတ်သက်၍KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည်ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်းက ဗန်းမော်အခြေစိုက် (၅၀၁၄)တင့်ကား တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်းရန်ကြောင့် အဆိုပါ တပ်ရင်းသိမ်းပိုက်မှုကို ရက်အနည်းငယ်ကြာမှ ကချင်သတင်းရင်းမြစ်တို့က အသိပေးခဲ့သည်။

ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းဌာနချုပ် ၁၅ခုခန့်ရှိရာ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း၊ အမှတ်(၃၆၆) အမြောက်တပ်ရင်း၊စစ်ဘက်ရေးရာလုံခြုံရေးတပ်၊ ခလရ-၂၃၆ တပ်စွဲရာ နေရာအချို့၊ ဗန်းမော်မြို့လေယာဉ်ကွင်းတို့ကို သိမ်းပိုက်ထားပြီး မြို့ ဧရိယာအများစုကိုလည်း ရှင်းလင်းထိန်းချုပ်ထားပြီးဖြစ်သည်။

စကခ(၂၁)ကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးများ ရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။