သတင်း မိုးဗြဲရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့်တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီရိုက်နှက်အကျဉ်းချထားဟု KNDF ပြော ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့် တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်အကျဉ်းချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တာဝန်ရှိသူက ပြောသည်။ ludunwayooဖေဖော်ဝါရီ 17, 2025
သတင်း လူကုန်ကူးခံ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ရေး ကိစ္စအတွက် ထိုင်းနိုင်ငံကို တရုတ်ဒုတိယဝန်ကြီး လာရောက် တရုတ်အစိုးရဒုတိယဝန်ကြီးတစ်ဦးဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးခြင်း ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေးကိစ္စမှာ ကိုယ်တိုင် လက်ခံကြိုဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2025
နိုင်ငံတကာ အိန္ဒိယ ရထားဘူတာမှာ စုပြုံတိုးဝှေ့ရာက လူ ၁၈ ဦး သေဆုံးမှုမှာ လူအုပ် ထိန်းချုပ်မှု စနစ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေ လူတွေ အလွန်အကျွံ စုပြုံရင်း တိုးဝှေ့ကြရာက အိန္ဒိယနိုင်ငံက ရထားဘူတာ တစ်ခုမှာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဘူတာတွေရဲ့ လူစုလူဝေး ကိုင်တွယ် ထိန်းသိမ်းမှု စနစ် အားနည်းချက်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2025
နိုင်ငံတကာ အီရန်နဲ့ ပတ်သက်လို့ မပြီးသတ်သေးတာတွေကို ထရမ့်အကူအညီနဲ့ လက်စသတ်မယ်လို့ နေတန်ညာဟုပြော မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကူအညီတွေနဲ့အတူ အစ္စရေးဟာ အီရန်နဲ့ ပတ်သက်လို့ မပြီးပြတ်သေးတဲ့ လုပ်စရာ ကိစ္စတွေကို လက်စသတ်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2025
နိုင်ငံတကာ အမေရိကန်-ရုရှား ဆွေးနွေးမယ့် အစီအစဉ်မှာ ယူကရိန်း ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားခြင်းမရှိ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးကြမယ့် အစီအစဉ်မှာ ယူကရိန်း အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2025