Connect with us

Hi, what are you looking for?

သတင်း

လူကုန်ကူးခံ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ရေး ကိစ္စအတွက် ထိုင်းနိုင်ငံကို တရုတ်ဒုတိယဝန်ကြီး လာရောက်

တရုတ်အစိုးရဒုတိယဝန်ကြီးတစ်ဦးဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးခြင်း ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေးကိစ္စမှာ ကိုယ်တိုင် လက်ခံကြိုဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

တရုတ်ဒုဝန်ကြီးနဲ့အဖွဲ့ ​ဖေ​ဖော်ဝါရီ ၁၆ ရက်​နေ့မှာထိုင်းနိုင်ငံ မဲဆောက်မြို့ကို​ရောက်ရှိ​နေစဉ်။ ဓာတ်ပုံ -AEC၊ The Reporter

People’s Spring

တရုတ်အစိုးရဒုတိယဝန်ကြီးတစ်ဦးဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးခြင်း ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေးကိစ္စမှာ ကိုယ်တိုင် လက်ခံကြိုဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယ ဝန်ကြီး လျူရှောင်ယီဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ မဲဆောက် ခရိုင်ကို ရောက်ရှိလာခဲ့ပြီး ရာနဲ့ချီတဲ့ လူကုန်ကူးခံ တရုတ်နိုင်ငံသားတွေကို ပြန်လည် ခေါ်ယူရေး ကိစ္စမှာ အနီးကပ် ကိုင်တွယ်သွားဖွယ် ရှိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လျူရဲ့ ခရီးစဉ်ကို သူလာရောက်မယ့်နေ့ မနက်ပိုင်းကျမှ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်ရဲ့ အာဏာပိုင် အရာရှိတွေက လက်ခံရရှိခဲ့တာပါ။ အစောပိုင်းမှာ လျူရဲ့ ခရီးစဉ်ကို လျှို့ဝှက်ထားခဲ့တာလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လျူဟာ မြန်မာဖက်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ ဒွန်မောင်း လေဆိပ်ကို မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မဲဆောက်နဲ့ မြဝတီကြားမှာ ကျားဖြန့် သားကောင်တွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကနဦးအဆင့် လေ့လာမှုတွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

လျူဟာ ဒွန်မောင်းကနေ မဲဆောက်ကို Nok Air လေကြောင်းလိုင်းနဲ့ ခရီးဆက်လာခဲ့ပြီး သူဦး

ဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာ အရာရှိ ၂၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

လျူဟာ မဲဆောက်ကို ဒုတိယ အကြိမ်မြောက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ မြန်မာဖက်က အာဏာပိုင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း မြဝတီ မြို့

နယ်ထဲက ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေနဲ့ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါသေးတယ်။

မဲဆောက်မှာရှိတဲ့ သတင်းရင်းမြစ်တွေက လူကုန်ကူးမှု သားကောင် တရုတ်နိုင်ငံသား ၆၀၀ လောက်ကို ပထမ အသုတ်အဖြစ် တရုတ်နိုင်ငံဆီ ပြန်ပို့မယ့် ကိစ္စကို လျူက စောင့်ကြည့်သွားဖွယ် ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ တရုတ် ဒုစရိုက်ဂိုဏ်းတွေ ကွပ်ကဲပြီး လည်ပတ်နေတဲ့ အဲဒီ ကျားဖြန့် လုပ်ငန်းတွေမှာ လူကုန်ကူးပြီး ခိုင်းစေခံရသူ အများစုဟာ ထိုင်းရဲ့ အိမ်နီးချင်း နိုင်ငံတွေဆီက ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါအပြင် တရုတ်ဒုဝန်ကြီးဟာကရင်ပြည်နယ်၊ မြဝတီမြို့ ကို ဖေဖော်ဝါရီ ၁၇ရက်​နေ့မှာလာမှာဖြစ်ပြီး ညနေ ၃နာရီမှာ အစည်းအဝေးပြုလုပ်မှာဖြစ်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

” ပြန်ပို့ဖို့ ဟိုနေ့က ဖမ်းဆီးခေါ်ထားတဲ့ တရုတ်နိုင်ငံသားတွေထားတဲ့နေရာကို လာမှာ”လို့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ နီးစပ်သူတဦးကလူထု​နွေဦးကို ပြောပါတယ်။

မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ထောင်နဲ့ချီရှိနေတဲ့ဖြစ်စဉ်အပေါ် နေရပ်ပြန်လည်ခေါ်ဆောင်ရေးအတွက် တရုတ်ဒုဝန်ကြီးက လာရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။