Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့်တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီရိုက်နှက်အကျဉ်းချထားဟု KNDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့် တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်အကျဉ်းချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့ ထိုးစစ်ဆင်နေသော မိုးဗြဲမြို့အား ခုခံနေသည့် မိုးဗြဲPDF ပူးပေါင်းတပ်မှ ရဲဘော်အချို့။ ဓာတ်ပုံ - MBPDF

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့် တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်အကျဉ်းချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တာဝန်ရှိသူက ပြောသည်။

အလင်းဝင်ရန် ကြိုးပမ်းခဲ့သူများသည် စစ်ကောင်စီ၏ အဓမ္မတပ်သားသစ်စုဆောင်ခံထားရသူများဖြစ်ပြီး ကရင်နီပူးပေါင်းတပ်က ခေါ်ထုတ်ရန် ကနဦးကြိုးစားခဲ့သည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ရက်အတွင်းမှာ ကျနော်တို့ရန်သူ စကစနဲ့ မီတာ ၁၀၀လောက်ပဲခြားပီး ထိတွေ့မှုတွေပုံမှန် ဖြစ်ခဲ့တယ်။ ကျနော်တို့သိလိုက်ရတာက မြေပြင်မှာ တိုက်နေရတာက မတရားစုဆောင်းခံထားတဲ့လူငယ်တွေဖြစ်တယ်လို့ကြားလိုက်တဲ့အချိန်မှာပဲ အရှေ့ကာကင်းကနေ ကျနော်တို့နဲ့အတူပူးပေါင်းဖို့စွန့်စားပြီး ကြိုးစား​ပေးခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဘက်တပ်များ လက်နက်မကိုင်ဆောင်ဘဲ ရှေ့တန်းတွင် တွေ့ဆုံခဲ့ကြပြီး စစ်ကောင်စီဘက် က ၁၅ဦးခန့် ရှိကာ တစ်ဦးတစ်ယောက်တည်းဆုံးဖြတ်မရသောကြောင့် တိုင်ပင်ပြီးနောက် ပြန်ဆက်သွယ်မည်ဟု ၎င်းတို့က အသိပေးခဲ့သည်ဟု ဆိုသည်။

သို့သော် နောက်တစ်ရက်တွင် စစ်ကောင်စီ၏ အထက်အရာရှိက တွေ့ဆုံခဲ့သည့်ဖြစ်စဥ်ကို သိရှိခဲ့ပြီးနောက် တပ်သားသစ် ၁၅ ဦးကို ရှေ့တန်းမြေပြင်မှပြန်ခေါ် ကာ ရိုက်နှက်၍ အကျဉ်းချခဲ့သည်ဟု ဆိုသည်။

“သေချာတာတစ်ခုက တပ်ထဲမှာအတော်လေးတပ် ပျက်နေပီ။ကျနော်တို့ဆီထွက်ပြေးလာတဲ့လူလဲမနည်းဘူး။ အားလုံးက ဘေးကင်းလုံခြုံကြတယ်။ကျနော်တို့ မတရားစုဆောင်းခံရတဲ့လူငယ်တွေကို ဘယ် လောက်ထိစာနာပီး နွေးထွေးမှုပေးလဲဆိုတာ ဒီဗီဒီယိုဖိုင်ကသက် သေပါပဲ”ဟု KNDF တာဝန်ရှိသူက ​ပြောသည်။

စစ်ကောင်စီတပ်ထံမှ ထွက်ခွာလာချင်သူများအား အသက်နှင့်ရင်း၍ စွန့်စားခေါ်ထုတ်မည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်သို့ ပူးပေါင်းလာမှု များကို ကြိုဆိုနေကြောင်းလည်း ၎င်းက ဖိတ်ခေါ်သည်။

“မိုးဗြဲနဲ့ ဖယ်ခုံဘက်ကို စကစဘက်က သူတို့ရဲ့ စစ် မှုထမ်းဥပ​ဒေနဲ့ စုဆောင်းထားတဲ့ သူအယောက် ၁,၀၀၀လောက်ကို သုံးထားတယ်။နောက်ပြီး နှစ်လလောက်ပဲ သင်တန်းဆင်းရတဲ့ သူတွေကို တိုက်ပွဲထဲ တမ်းထည့်တာကိုကြည့်ရင် အသေခံခိုင်းနေတယ်ဆိုတာပဲ။ဦးနှောက်ရှိပြီး မသေချင်တဲ့ သူတွေကတော့ စောစောစီး စီး ရတဲ့အခြေအနေနဲ့ ထွက်ကြ။ဘက်ပြောင်းကြဖို့ လိုတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယခုနှစ် ဇန်နဝါရီတစ်လတည်းပင် စစ်ကောင်စီ တပ်သား ၁၀၀ကျော်သည် ကရင်နီပူးပေါင်းတပ်များထံ အလင်းဝင်ခိုလှုံထားပြီး အများစုမှာ အဓမ္မစစ်မှုထမ်းရသူများ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။