Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှာတိုက်ခိုက်မှုတွေလျော့သွားဖို့၊ နိုင်ကျဉ်းတွေပိုလွတ်မြောက်ဖို့၊ လူသားချင်းစာနာမှုအကူအညီလမ်း​ကြောင်းပိုဖွင်ဖို့ထိုင်းမျှော်လင့်ဟုဆို

မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာကတိမှ မ​ပေးဟုဆို

(မင်း​အောင်လှိုင်ကို ​ကြိုဆို​နေတဲ့ ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး (မျက်မှန်တပ်ထားပြီးပြုံး​နေသူ)။ဓါတ်ပုံ-The Repirters

သြဂုတ်-၁၅၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံမှာရန်လို အကြမ်းဖက်မှုတွေ လျော့ပါးသွားဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပိုမို လွတ်မြောက်လာဖို့၊ လူသားချင်း စာနာမှု အကူအညီ လမ်းကြောင်းတွေ ပိုမို ဖွင့်လှစ်လာနိုင်ဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အတုအယောင်ရွေးကောက်ပွဲကနေတဆင့် သမ္မတ ရာထူးကို ရယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အခုလ ထိုင်းနိုင်ငံ ခရီးစဉ် အပြီးမှာ ထိုင်းအစိုးရဖက်က အခုလို သဘောထား မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ဒါ​ပေမယ့် စစ်တပ်က အာဏာသိမ်း​ခေါင်း​ဆောင် ထိုင်းခရီးစဥ်အပြီးမှာပဲ ရခိုင်ပြည်နယ်ကို ဗုံးဆက်တိုက်ကြဲလို့ပြည်သူအများအပြား​သေဆုံးဒဏ်ရာရခဲ့ပါတယ် ။ဒါ့အပြင် ​ရေ​ဘေးသင့်​နေတဲ့စစ်ကိုင်းတိုင်းကမြို့နယ်​တွေကို​ရေ​ဘေးကယ်ဆယ်​ရေးမလုပ်တဲ့အပြင် ဗုံးကြဲလို့ပြည်သူ​တွေ ဒဏ်ရာရခဲ့ပါတယ် ။ ရှမ်းပြည်နယ်​မြောက်ပိုင်း ၊ကရင်နီပြည် ၊ကချင်ပြည်နယ် ၊ မ​ကွေးတိုင်း စတဲ့​ဒေသ​တွေကိုလည်းစစ်တပ်က ဗုံးဆက်ကြဲခဲ့ပါတယ် ။

အဲဒီလို အခြေအနေတွေကိုသာလက်တွေ့ မြင်ရမယ်ဆိုရင်အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ထင်သာမြင်သာ တိုးတက်မှုတွေအဖြစ် သတ်မှတ်လို့ ရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထင်ထင်ရှားရှား အကောင်အထည်ဖော်လာတာမျိုးကို ထိုင်းအစိုးရ အနေနဲ့ အလေးအနက် မျှော်လင့်ထားပေမယ့် မင်းအောင်လှိုင်ကတော့ ဒီကိစ္စအတွက် ဘာကတိမှ မပေးခဲ့ကြောင်းဖုန်ကက်ကောင်ကဝန်ခံခဲ့ပါတယ်။

ထိုင်းဖက်က စိုးရိမ်တာတွေ၊ ဖြစ်စေချင်တာတွေကိုပြောခဲ့ကြောင်း၊ ဒါပေမဲ့သံတမန်ရေးမှာတော့တစ်ခါတလေမှာတစ်ထိုင်တည်းကတိတွေ ပေးနေဖို့လည်း မလိုကြောင်း၊ အခြေအနေ အရပ်ရပ်ကို ပြန်စဉ်းစားဖို့နဲ့ ထိုင်းရဲ့ အလေးအနက် အားထုတ်မှုတွေ အသိအမှတ်ပြုဖို့ မြန်မာဖက်ကို အချိန်ပေးခဲ့ပြီး တိုးတက်မှုတွေ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ဆီဟာဆက်က ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေအတွက်နာမည်ဆိုးထွက်နေတဲ့မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ခြင်းက ထိုင်းအစိုးရအပေါ် ပြည်တွင်းမှာရော၊ ဒေသတွင်းမှာပါ ကြီးမားတဲ့ ဝေဖန်မှုတွေ ကြုံလာစေပါတယ်။ စစ်ရာဇဝတ်ကောင်တစ်ဦး၊အာဏာရှင် တစ်ဦးကို ထိုင်းကတရားဝင်အသိအမှတ်ပြုမှု ပေးလိုက်တဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း စွပ်စွဲမှုတွေကိုတော့ ဆီဟာဆက်က ငြင်းပယ်သွားပါတယ်။

ထိုင်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင် အသိအမှတ်ပြုမှုနဲ့ဘာမှမဆိုင်ကြောင်း၊ ထိုင်းဟာ ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ယူနိုင်ဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုကို အားပေးနေတာဖြစ်ကြောင်း၊ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့လည်း မြန်မာအာဏာပိုင်တွေကို ပိုမို တိုက်တွန်းနေတာဖြစ်ကြောင်းဆီဟာဆက်က ဆိုပါတယ်။

မြန်မာ့ ပြည်တွင်းရေးကိစ္စတွေက ထိုင်းကို တိုက်ရိုက်ရိုက်ခတ်လေ့ ရှိတာကြောင့် ထိုင်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် စစ်မှန်တဲ့၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေကိုလိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။ နိုင်ငံတကာက အတုအယောင် တစ်ခုလို့ သတ်မှတ်နေပေမယ့် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ တိုးတက်မှုဆန်တဲ့ အပြောင်းအလဲတချို့ ရှိလာတယ်လို့ သူယုံကြည်ကြောင်း ဆီဟာဆက်က မှတ်ချက်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား လွတ်မြောက်လာသလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းလဲ ထားရှိခံရသလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့လည်း တွေ့ဆုံခွင့် ရခဲ့တာတွေကို သူက ထောက်ပြသွားပါတယ်။

ဒါပေမဲ့ အဲဒီအခြေအနေလောက်ဟာမလုံလောက်သေးသလို အာဆီယံကလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာက ထိထိရောက်ရောက် အကောင်အထည် ဖော်နေတာမျိုးကို မြင်ချင်နေတယ်လို့ ဆီဟာဆက်က ဆိုပါတယ်။ မြန်မာဖက်ကတော့ အဲဒီအချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောနေကြောင်း၊ ဒါပေမဲ့ အဲဒီ အချက်တွေကပဲ မြန်မာက အာရုံစိုက်ရမယ့်တရားဝင်စိုးရိမ်မှုတွေဖြစ်နေကြောင်း ဆီဟာဆက်ကပြောဆိုသွားပါတယ်။

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်တပ် အာဏာပိုင်တွေသာ မကဘဲ တော်လှန်ရေး အင်အားစုတွေနဲ့လည်း အဆက်အသွယ် ရှိနေပြီး နှစ်ဖက်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပေါ်ထွန်းလာအောင် ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

သူက နှစ်ကုန်ပိုင်းကျရင် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာရဲ့နိုင်ငံရေးကိုယ်စားလှယ်တွေကို ထိပ်တန်း အစည်းအဝေးတွေမှာ ပြန်တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ လက်ရှိ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အစည်းအဝေးကို မင်းအောင်လှိုင် တက်ခွင့်ရနိုင်ခြေ ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ဆီဟာဆက်က ပယ်ချသွားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။