သတင်း အမရပူရက စည်ပင်ဘီးခွန်ဂိတ် ဗုံးပစ်ခံရ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့ ရဲ့ ဘီးခွန်ကောက်ခံရေးဂိတ် ဇန်နဝါရီလ ၁၂ ရက်ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရလို့ ငွေကောက်ခံသူ စည်ပင်ဝန်ထမ်း အမျိုးသား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ludunwayooဇန်နဝါရီ 15, 2025
သတင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား နှစ်ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော Myaing Supporting Battalion - MSB ပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။ ludunwayooဇန်နဝါရီ 15, 2025
သတင်း ပြည်သူ့စစ်ခေါင်းဆောင်ရွှေကျားအဖွဲ့ရှင်းလင်းစဥ် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ အမည်စာရင်းများရရှိခဲ့ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန် စစ်ကိုင်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ရွှေကျားနှင့်အဖွဲ့အား ရှင်းလင်းစဥ် မင်းကွန်းမြို့နှင့် ကျောက်တာရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် နေရပ်လိပ်စာများရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၅ရက်) ထုတ်ပြန်သည်။ ludunwayooဇန်နဝါရီ 15, 2025
သတင်း ဂန့်ဂေါခရိုင် တပ်ရင်း (၁၅၊၁၆၊၁၇)မှ ရှေ့တန်းရောက်ရဲဘော်များ၏ မိသားစုဝင်များအား စားနပ်ရိက္ခာများ စတင်ထောက်ပံ့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၅၊၁၆၊၁၇)မှ ရှေ့တန်းရောက်ရဲဘော်များ၏ မိသားစုဝင်များအား စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဥ်စတင်လုပ်ဆောင်နေကြောင်း အဆိုပါတပ်ရင်းများမှ ဒုတပ်ရင်းမှူး ဗိုလ်မုတ်ဆိတ်က လူထုနွေဦးသို့ ပြောသည်။ ludunwayooဇန်နဝါရီ 15, 2025
သတင်း ဖားကန့်နွံကန်ပြိုကျမှု ၂၂လောင်းတွေ့ရှိထားပြီး တတိယမြောက်နေ့ဆက်လက်ရှာဖွေနေ ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ရုပ်အလောင်း ၂၂ လောင်းရှာဖွေတွေ့ရှိထားပြီး ယနေ့(ဇန်နဝါရီလ ၁၅ရက်)တွင် တတိယမြောက်နေ့ ရှာဖွေရေး ဆက်လက်ပြုလုပ်နေသည်။ ludunwayooဇန်နဝါရီ 15, 2025