Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား နှစ်ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော Myaing Supporting Battalion – MSB ပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား တော်လှန်ရေးရဲဘော်များ ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - File

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား နှစ်ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်းများဖြင့် ဖွဲ့စည်းထားသော Myaing Supporting Battalion – MSB ပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ ရက်က မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကန်နီကျေးရွာသို့ ရိက္ခာပို့ရန်လာသော ယာဥ်တန်းနှင့် စစ်ကြောင်းကို အင်းရောင်း​​​ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်၊ ဝက်ခေါင်းကျေးရွာအနီး တစ်ကြိမ်နှင့် ​ကျောင်းကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲတစ်ကြိမ်​​ ထပ်မံဖြစ်ပွားခဲ့​​ရာ စစ်​​ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

အလားတူ ဇန်နဝါရီလ ၁၄ ရက်ကလည်း အဆိုပါ စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စစ်ကြောင်းကို ကျောင်းကုန်းနှင့် ကန်နီကျေးရွာကြား၌ နှစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပြီး ​စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Myaing Supporting Battalion – MSB က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဥ်တန်း ကန်နီကျေးရွာအနီးရောက်လာစဥ် MSB တပ်ဖွဲ့များ ကြိုထောင်ထားသည့် မိုင်းနင်းမိပြီး စစ်ကောင််စီတပ်သား နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထိုကဲ့သို့ နှစ်ရက်ဆက် စစ်ရေးတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ယာဥ်တန်းမှ ယာဥ်တစ်စီးထိခိုက်ပျက်စီးသွားကာ စစ်ကြောင်းမှာ ကန်နီရွာသို့ ဆက်ထွက်သွားကြောင်း MSBပူးပေါင်းစစ်ကြောင်းတွင်ပါဝင်သည့် ပခုက္ကူခရိုင် တပ်ရင်း(၁၅)ထံမှ သိရသည်။

“ကျနော်တို့အနေနဲ့ အဲဒီတိုက်ပွဲဖြစ်စဥ်မှာ စစ်ရေးဗျူဟာအရ အသာစီးရခဲ့ပေမယ့် ခဲယမ်းမလုံလောက်လို့ ယာဥ်တန်းကို ဟန့်တားဖြတ်တောက်နိုင်သည်အထိ မလုပ်နိုင်ခဲ့ပါဘူး”ဟု တပ်ရင်း(၁၅)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို Myaing Supporting Battalion – MSB ၏ထောက်ပို့ခံတပ်ရင်း​များဖြစ်သော ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇)တပ်ရင်းများနှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅)၊ မြိုင် ပ.က.ဖ၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံပကဖ၊ ပအဖများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပထအအကြိမ်ထိုးစစ်ဆင်တုန်းက မသိမ်းနိုင်ခဲ့လို့ "သက်ရှိစည်းရိုး"ဆိုပြီးစစ်တပ်ဝါဒဖြန့်ခဲ့တဲ့စခန်းကိုသုံးနှစ်ခန့်အကြာမှာပြန်လည်တိုက်ခိုက်ခြင်းဖြစ်

သတင်း

​တော်လှန်​ရေးတပ်​တွေက ပုလဲမြို့နယ်မှာ ဇွန် ၁၀ ရက်က စစ်တပ်တိုက်​လေယာဥ်တစ်စီးကိုပစ်ချနိုင်ခဲ့တာ​ကြောင့်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်ဖွဲ့​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။ အရင်က အင်ဖိုဂရပ်မှာ ထည့်သွင်းမထားရ​သေးတဲ့ ဖြစ်ရပ်ဖြစ်တဲ့ အာရက္ခတပ်​တော် (AA) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ စစ်တပ်ရဟတ်ယာဥ်တစ်စင်းကိုပစ်ချပြီး ရဟတ်ယာဥ် အပျက်အစီးကို၂၀၂၄...

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့ (၆)မိုင်စခန်းသာကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းရခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုတွေလည်းများခဲ့တယ်လို့ သပိတ်ကျင်းဒေသက လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။