Connect with us

Hi, what are you looking for?

သတင်း

အမရပူရက စည်ပင်ဘီးခွန်ဂိတ် ဗုံးပစ်ခံရ

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့ ရဲ့ ဘီးခွန်ကောက်ခံရေးဂိတ် ဇန်နဝါရီလ ၁၂ ရက်ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရလို့ ငွေကောက်ခံသူ စည်ပင်ဝန်ထမ်း အမျိုးသား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

မန္တလေးမြို့အထင်ကရ စျေးချို နာရီစင်တဝိုက်ကိုတွေ့ရပုံ

ဆိုင်းမင်း/People’s Spring

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့ ရဲ့ ဘီးခွန်ကောက်ခံရေးဂိတ် ဇန်နဝါရီလ ၁၂ ရက်ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရလို့ ငွေကောက်ခံသူ စည်ပင်ဝန်ထမ်း အမျိုးသား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စည်ပင်သာယာ ဘီးခွန်ဂိတ်ဟာ အမရပူရမြို့နယ်၊ ဆောက်တောဝ ကျေးရွာအနီးမှာ ရှိပြီး ဇန်နဝါရီလ ၁၂ ရက်ညနေ ၅ နာရီခန့်မှာ လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရတာလို့ ဒေသခံဆီကသိရပါတယ်။

တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သွားသူ အမျိုးသားဟာ ဦးခေါင်းဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်ကလည်း အမရပူရမြို့နယ်ထဲမှာပဲ ထုံးဘို -ပြင်ဦးလွင်လမ်းပိုင်းက စည်ပင်ဘီးခွန်ဂိတ် မိုင်းခွဲခံရတဲ့ ဖြစ်စဉ် ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ မနေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

သတင်း

ငလျင်ဒဏ်သင့် စစ်ကိုင်းနဲ့ အမရပူရမြို့မှာ မိုးများလို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။