Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နွံကန်ပြိုကျမှု ၂၂လောင်းတွေ့ရှိထားပြီး တတိယ​မြောက်​နေ့ဆက်လက်ရှာ​ဖွေနေ

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ရုပ်အလောင်း ၂၂ လောင်းရှာ​ဖွေတွေ့ရှိထားပြီး ယ‌နေ့(ဇန်နဝါရီလ ၁၅ရက်)တွင် တတိယမြောက်​နေ့ ရှာဖွေရေး ဆက်လက်ပြုလုပ်နေသည်။

ဖားကန့်နွံကန်ပြိုကျမှုအပြီး ရှာ​ဖွေကယ်ဆယ်​ရေးပြုလုပ်​နေကြစဥ်။ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ရုပ်အလောင်း ၂၂ လောင်းရှာ​ဖွေတွေ့ရှိထားပြီး ယ‌နေ့(ဇန်နဝါရီလ ၁၅ရက်)တွင် တတိယမြောက်​နေ့ ရှာဖွေရေး ဆက်လက်ပြုလုပ်နေသည်။

စဘော့ကျေးရွာမှနွံကန်သည့်ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီခန့်တွင် ပြိုကျပြီး ရွာအတွင်းရှိ အိမ်ခြေ ၅၀ ကျော် အိမ်ခေါက်မိုး မြုပ်လုနီးပါးအထိ နစ်မြုပ်သွားခဲ့သည်။နွံကန်ပြိုကျစဉ် ထွက်ပြေးလွတ်မြောက်လာသူအချို့လည်းရှိပြီး သေဆုံးသူသည် အနည်းဆုံး ၁၀၀ကျော်နိုင်ကြောင်း ဒေသခံများကခန့်မှန်းခဲ့ကြသည်။

သို့သော် ပျောက်ဆုံးစာရင်းပေးထားသူဦးရေမှာ ၃၆ဦးသာ ရှိပြီး ဇန်နဝါရီလ ၁၃ရက် ရှာဖွေမှု၌ရုပ်အလောင်း၁၂​လောင်း၊ ဇန်နဝါရီလ ၁၄ရက်၌ ၁၀​လောင်း ရှာတွေ့ထားသည်။

Public Service Announcement

Public Service Announcement

” ကလေးငယ်တွေရော အမျိုးသမီး‌တွေရောပါတယ်ဗျာ။ရှာဖွေရေးနေရာနားမှာ ငိုသံတွေဆူညံနေတာပဲ။ ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ပေမယ့် မိသားစုတင်တွေက စောင့်နေတုန်းလေ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဇနနဝါရီလ ၁၃ရက်နေ့က အဆိုပါ နွံကန်ပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေကြစဉ် ဖားကန့်မြို့နယ် ဆန်ခါနှင့်မဇွပ်ယာန်ရွာအတွင်း ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နွံကန်ပြိုကျမှုရှာဖွေကယ်ဆယ်ရေးများ နာရီအနည်းငယ်ကြာရပ်နားခဲ့ရသည်။လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ဆယ်ဦးထက်မနည်းထပ်မံသေဆုံးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။