သတင်း အရာတော်တွင် စစ်ကောင်စီတပ်နှင့်ပျူများ အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ငွေတွင်းရွာသည် အရာတော်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က လက်နက်ပါ တပ်ဆင်ပေးထားသည်။ LuduNwayOoဇွန် 22, 2023
သတင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီလှည့်ကင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ် ကျောက်ကြီးမြို့နယ်တွင် ဇွန် ၆ ရက်ကဖြစ်ပွားသည့် နတ်သံကွင်းရဲစခန်းနှင့် စစ်တောင်းမြစ်ကူးတံတားတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးထားသည်။ LuduNwayOoဇွန် 22, 2023
သတင်း စစ်ကောင်စီဘဏ်နှစ်ဘဏ် ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် တစ်ဒေါ်လာ ၃၂၀၀ကျပ်နှင့် ရွှေတစ်ကျပ်သား ၃၂ သိန်းခန့်အထိ တက်လာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းယမန်နေ့( ဇွန် ၂၁ ရက်) မြန်မာစံတော်ချိန် ည ပိုင်း၌ထုတ်ပြန်ကြေညာခဲ့သည်။ LuduNwayOoဇွန် 22, 2023
သတင်း ချောင်းတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်လေးဦးသေဟု ရေးဘီလူးအဖွဲ့ပြော ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထားသည်။ LuduNwayOoဇွန် 22, 2023
သတင်း ဆောနယ်တွင် PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု ဒေသခံပြော ပခုက္ကူမြို့မှ ကျောက်ထုသို့ ဦးတည်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၂၁ရက်ညပိုင်း၌ ဆောမြို့နယ် အညာရွာနှင့် တပြင်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023