Connect with us

Hi, what are you looking for?

သတင်း

ချောင်းတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်လေးဦးသေဟု ရေးဘီလူးအဖွဲ့ပြော

ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထားသည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး)

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင် စစ်ကောင်စီတပ် ဂိတ်ကို ယနေ့မနက်တွင် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ဇွန်လ ၂၂ရက် နံနက်၁၀နာရီခန့်တွင် ရေးဘီလူးအဖွဲ့သားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဂိတ်ထဲမှာ ရှစ်ယောက်လောက်ရှိတယ်။ လေးဦးကိုပဲ ကျနော်တို့ အသေပစ်သတ်နိုင်ခဲ့တယ်။ ကျန်တာတွေက ကတုတ်ကျင်းထဲ ပြေးဝင်သွားတယ်ဆိုတော့ ကျနော်တို့တွေက အလျင်အမြန် ပြောက်ကျားပစ်တယ် အနီးကပ်ဝင်ပစ်တယ်ဆိုတော့ ဂန်းကို မရရှိလိုက်ခဲ့ဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း သိမ်းဆည်းနိုင်မှုမရှိသော်လည်း ရဲဘော်များ အထိအခိုက်မရှိအောင် ဆုတ်ခွာနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့သည် လမိုင်းမြို့ရှိ စစ်ကောင်စီ နှင့်ပတ်သက်သည့် ပစ်မှတ်တစ်ခုကိုလည်း ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။

ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook