Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် စစ်ကောင်စီတပ်နှင့်ပျူများ အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ငွေတွင်းရွာသည် အရာတော်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က လက်နက်ပါ တပ်ဆင်ပေးထားသည်။

(စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ရွာတွင် ပျူစောထီးများအား စစ်တပ်က လက်နက်တပ်ဆင် လေ့ကျင့်ပေးနေစဥ်)
(စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ရွာတွင် ပျူစောထီးများအား စစ်တပ်က လက်နက်တပ်ဆင် လေ့ကျင့်ပေးနေစဥ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

ဇွန်လ ၂၀ရက် ညနေ ၅ နာရီကျော်က အရာတော်မြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ငွေတွင်းကျေးရွာ၌ ၎င်းတို့အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ​ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးပြုလုပ်သည့် အဆောက်အဦးနှင့် ကတုတ်ကျင်းများပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ပြီး အဆောက်အဦးအတွင်းရှိ စစ်သား၊ ပျူများအပါအဝင် ကင်းစောင့်နေသော ကင်းသမား နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ထို့အပြင် စစ်သား လေးဦးဒဏ်ရာရပြီး အရာတော်ဆေးရုံတွင် ကုသနေသည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီတပ်သားနှင့် ပျူများ ထိခိုက်သေဆုံးနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ အင်အားကများတယ်။ ၃၀ လောက်ရှိမယ်။ ​သူတို့ကရွာကို ဝင်လိုက်ထွက်လိုက်ပဲ။ အရင်ရက်တုန်းက ငွေတွင်းက စစ်သားတွေရမ်းပစ်လို့ အနီးနားရွာက ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်။ ကျွန်တော်တို့က ဒရုန်းတစ်စီးကို ကင်းထောက်ထားပြီး ကျန်တဲ့အစီးတွေနဲ့ချတာပါ။” ဟု Danger Force LPDF အဖွဲ့၏ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း -၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း – ၁၅နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF Drone Force၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) အဖွဲ့တို့ ပူးပေါင်းတိုက််ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ငွေတွင်းရွာသည် အရာတော်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က လက်နက်ပါ တပ်ဆင်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ Tiktok ဆယ်လီတစ်ဦးက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို သူ့ဆိုင်ရှေ့မှာ စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ လူမိုက်တွေခေါ်ယူကာ အင်အားပြခဲ့ပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။