Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဘဏ်နှစ်ဘဏ် ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် တစ်ဒေါ်လာ ၃၂၀၀ကျပ်နှင့် ရွှေတစ်ကျပ်သား ၃၂ သိန်းခန့်အထိ တက်လာ

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းယ​မန်​နေ့( ဇွန် ၂၁ ရက်) မြန်မာစံ​တော်ချိန် ည ပိုင်း၌ထုတ်ပြန်ကြေညာခဲ့သည်။

(အ​မေရီကန် အစိုးရက MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့ပြီးနာရီပိုင်းအတွင်း​ငွေ​ကြေး​ဈေးကွက်၌ ကျပ်​ငွေတန်ဖိုးကျဆင်းလာခြင်းဖြစ်သည်။ဓါတ်ပုံ-ACC)
(အ​မေရီကန် အစိုးရက MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့ပြီးနာရီပိုင်းအတွင်း​ငွေ​ကြေး​ဈေးကွက်၌ ကျပ်​ငွေတန်ဖိုးကျဆင်းလာခြင်းဖြစ်သည်။ဓါတ်ပုံ-ACC)

စစ်ကောင်စီထိန်းချုပ်ထားသည့်ဘဏ်နှစ် ဘဏ်ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် တစ်ဒေါ်လာလျှင် ၃၂၀၀ ကျပ်နှင့်အခေါက်ရွှေတစ်ကျပ်သားကို ၃၂ သိန်းခန့်အထိ မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

ယခုအခါ ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးကို ငွေကောင်တာများက ဈေးမဖွင့်ရဲကြဘဲ ပြင်ပမှောင်ခိုဈေးကွက်၌ ဒေါ်လာမှာ အဝယ်လိုက်နေသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

“တစ်ဒေါ်လာကို ၃၂၀၀ အထိရောင်းကြတယ်။ အများစုက ၃၁၅၀ နဲ့ အရောင်းအဝယ်ဖြစ်နေကြတယ်။ မှောင်ခိုဈေးကွက်မှာတော့ ဒေါ်လာဆိုရင် အနွမ်းပဲဖြစ်ဖြစ်၊ အစွန်းပဲ ပါပါ လိုက်ဝယ်နေကြတယ်”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

ဇွန် ၂၂ ရက် ​နေ့ခင်းပိုင်းတွင်တစ်ဒေါ်လာလျှင် ၃၁၅၀ကျပ်ဖြင့်ရောင်းမည်ဆိုကာ ဝယ်လက်များလုယက်ဝယ်ယူနေပြီး ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းရွှေဈေးမှာလည်း ဇွန် ၁၉ ရက်က အခေါက်ရွှေတစ်ကျပ်သား ၃,၁၁၅,၀၀၀ ကျပ်ပေါက်ဈေးရှိသော်လည်း ယနေ့ဇွန် ၂၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၃,၁၉၀,၀၀၀ ကျပ် အထိ ပေါက်ဈေးရှိလာသည်ဟု ရွှေလုပ်ငန်းရှင်များထံမှသိရသည်။

“ဈေးတွေမြင့်တက်နေပေ့မယ်။အခေါက်ရွှေတုံးတွေကိုမနေ့ညနေကတည်းက အရောင်းအဝယ်မလုပ်ကြတော့ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီက ဇွန်လတွင် ​ရွှေ​ဈေးတက်လာပြီး ကျပ်သိန်း ၃၀ ​ကျော်လာ၍ ရန်ကုန်မှ မန္တ​လေးမှ ​ရွှေ​ရောင်းဝယ်သူအချို့ကို ​ခေါ်ယူစစ်​ဆေးခြင်းများပြုလုပ်၍ ​ဈေးကျ​အောင်ဖိအား​ပေးခဲ​သော်လည်း ​ဈေးဆက်တက်လာခြင်းဖြစ်သည်။

ရွှေဆိုင်များက အခေါက်ရွှေကို ရောင်းချပေးခြင်းမပြုတော့ဘဲ အဝယ်သာလက်ခံနေသည်ဟု ရွှေဝယ်ရန် လိုက်စုံစမ်းခဲ့​သော ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။ ရွှေဆိုင်များက လက်ဝတ်ရတနာပြုလုပ်ထားသည့် ရွှေထည်များကိုသာရောင်းချပေးနေသည်ဟုလည်း ၎င်းကဆက်ပြောသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းယ​မန်​နေ့( ဇွန် ၂၁ ရက်) မြန်မာစံ​တော်ချိန် ည ပိုင်း၌ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဘဏ်နှစ်ခုသည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေသုံးစွဲခွင့်ရရန် အခရာကျသည့် အဖွဲ့အစည်းများဖြစ်၍ ၎င်းတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါက စစ်ကောင်စီအဖြေင့် ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နိုင်သည့် စွမ်းရည်များ လျှာချရန် ရည်ရွယ်ထားသည်ဟု အမေရိကန်ကအစိုးရကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။