သတင်း ရေစကြိုမြို့နယ်ရှိ ရွာလေးရွာကို စစ်ကောင်စီတပ်က တစ်ရက်တည်းမီးရှို့ရာ အိမ်ခြေ ၂၃၀ကျော် မီးလောင် ပျက်စီး ကျေးရွာများကို မီးလာရှို့သည် စစ်ကြောင်းသည် အင်အား ၈၀ ကျော်ပါဝင်ပြီး ရေစကြိုမြို့နယ် အခြေစိုက် ခလရ(၂၅၆)၊ ခလရ(၂၅၇)နှင့် ခလရ (၂၅၈)တပ်ရင်းများမှ ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 30, 2022
ဗီဒီယို တောင်ကိုရီးယားက ဟောလိုဝင်း ပါတီပွဲမှာ လူပိသေဆုံးသူ အရေအတွက် ၁၅၀ ကျော်ထိ မြင့်တက်လာ ကနဦးမှာတော့ နိုက်ကလပ် တစ်ခုမှာ အဆိပ်မိရာက လူတွေ သေကုန်တယ်လို့ ကောလာဟလတွေ ပျံ့နှံ့လာပေမယ့် ရဲတွေကတော့ လူအရမ်းများလို့ ပိမိကြ၊ အသက်ရှူကျပ်ကြပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၂၀ ကျော် မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။ LuduNwayOoအောက်တိုဘာ 30, 2022
သတင်း င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။ LuduNwayOoအောက်တိုဘာ 30, 2022
သတင်း မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည် ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)တွင် သဝဏ်လွှာပေးပို့ခဲ့သည်။ LuduNwayOoအောက်တိုဘာ 30, 2022
သတင်း လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဝင်ရောက် ဗုံးထောင်တိုက်ခိုက် ယနေ့(အောက်တိုဘာ ၃၀ရက်)နံနက် ၂နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးရှိ လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်းအတွင်း စခန်းမှူးအိပ်ဆောင် တွင်းသို့ ဝင်ရောက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 30, 2022