Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေတဲ့ မြိုင်နယ်ကို စစ်တပ် နေ့ညမပြတ် ဗုံးကြဲ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဇူလိုင်-၂၉၊ ၂၀၂၆။ ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မြိုင်မြို့နယ် အနောက်ခြမ်း သင်းမရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်း ဖောက်ထွက်နိုင်ဖို့ လေကြောင်းကနေ အဆမတန် ပစ်ကူပေးနေတာလို့ ဆိုပါတယ်။

“လေယာဉ်မျိုးစုံနဲ့ နေ့စဉ်ရက်ဆက် အဆက်မပြတ် ဗုံးကြဲနေပါတယ်။ တနေကုန်မကဘဲ မနေ့ကဆို တညလုံးကြဲတယ်။ ဗုံးအလုံးရေ ၁၀၀ ထက်မနည်းဘူး”လို့ မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သင်းမရွာတဝိုက်အပြင် မြိုင်မြို့အနောက်ခြမ်းက ကျေးရွာတွေကိုပါ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ အသိပေးပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လက်ရှိအချိန်အထိ သင်းမရွာမှာပဲ ရှိနေပြီး ထွက်ရခက်ခဲနေသလို တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံကလည်း ဝိုင်းဝန်းတိုက်ခိုက်နေဆဲလို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း Myaing Villages Revolution Front က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

“ရှေ့ရက်ကလည်း သင်းမအနီး တိုက်ပွဲဖြစ်တယ်။ သင်းမမှာ စခ(စစ်တပ်စစ်ကြောင်း)တွေရှိနေတုန်းမလို့ တိုက်ပွဲရှိနေမှာပါပဲ”လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ပေါက်နဲ့ မြိုင်မြို့နယ် ရေပြာရဲစခန်း၊ ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)ကနေ အင်အား ၆၀၀ ၀န်းကျင်နဲ့ ဇွန်လကစပြီး တန်ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ နှစ်လအတွင်း ပေါက်နဲ့ မြိုင်နယ်က အရပ်သားပြည်သူ ၂၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပြင် ကျေးရွာ ၆ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးထားပါတယ်။

ဒါ့အပြင် ပေါက်နဲ့ မြိုင် ဒေသအစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရေနံတွင်းတွေဆီ စစ်တပ်စစ်ကြောင်းဦးတည်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook