Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဆီက ပခုံးထမ်း လေကြောင်းကာကွယ်ရေးဒုံးကျည် ၄၀၀ လောက် အီရန် မှာယူထားတယ်လို့ဆို

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - AFP

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန်နဲ့ စစ်ပွဲ ဖြစ်ပွားနေတဲ့ အီရန်ဟာ တာတို လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို ပြန်လည် ဖြည့်တင်းဖို့အတွက် အဲဒီ ပခုံးထမ်း ဒုံးကျည်တွေကို ဒေါ်လာ သန်း ၆၀ နဲ့ ၇၀ ကြား ပေးချေ ဝယ်ယူခဲ့ကြောင်း အဲဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ဦးက Reuters သတင်းဌာနဆီကို ပြောကြားခဲ့ပါတယ်။

အခု သတင်းသာ မှန်ကန်မယ်ဆိုရင် အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ဖြစ်ခဲ့တဲ့နောက်ပိုင်း ဒါဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည် ပြန်လည် ဖြည့်တင်းရေးဆိုင်ရာ အကြီးမားဆုံး အားထုတ်မှုတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

Reutersရဲ့ သတင်းရင်းမြစ်တွေကတော့ အီရန်ဟာ QW-12နဲ့ FN-16 ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် အစင်း ၃၀၀ ကနေ ၄၀၀ ကြားထိ တရုတ်ဆီကနေ မှာယူထားတာဖြစ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ ရောင်းချပေးရေးအတွက် တရုတ်အစိုးရကိုယ်စား ဟောင်ကောင် အခြေစိုက် ရှောင်ကျင်းပေါင်ရှန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက စေ့စပ် ညှိနှိုင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

သတင်းရင်းမြစ်တွေက အခုကိစ္စရဲ့ ထိလွယ်ရှလွယ် ရှိမှုကြောင့် နာမည်ထုတ်ပြောဖို့ ငြင်းဆိုခဲ့ကြောင်း Reutersက ဖော်ပြခဲ့ပါတယ်။ အီရန်ဖက်ကတော့ တရုတ်ဆီက ပခုံးထမ်း ဒုံးကျည်တွေ ဝယ်ယူမယ်ဆိုတဲ့ သတင်းအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒါပေမဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာတော့ အခုသတင်းတွေဟာ လုံးဝဥဿုံ အခြေအမြစ် ကင်းမဲ့ကြောင်း၊ တရုတ်ဟာ ငြိမ်းချမ်းရေးကို အားပေးပြီး ပဋိပက္ခတွေကို အဆုံးသတ်စေမယ့် အခန်းကဏ္ဍကနေပဲ အစဉ်အမြဲ တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဟောင်ကောင် လုပ်ငန်းခွဲရဲ့ မိခင်ကုမ္ပဏီဖြစ်ပြီး ဘေဂျင်းမှာ အခြေစိုက်တဲ့ ရှောင်ကျင်းပေါင်ရှန် လုပ်ငန်းစုကြီးကလည်း အခုကိစ္စအပေါ် တစ်ခုခု မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

Reutersရဲ့ သတင်းသာ မှန်ကန်တယ်ဆိုရင် တရုတ်နဲ့ အီရန်ကြားက စစ်ရေးအရ ပတ်သက်မှုတွေဟာ နက်နက်ရှိုင်းရှိုင်း ရှိနေတယ် ဆိုတာကို ပေါ်လွင်စေမှာဖြစ်ပြီး အီရန်အတွက်လည်း တာတို လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်ကို ထင်သာမြင်သာ ပြန်လည် အားဖြည့်နိုင်မယ့် သဘောပါ။

QW-12နဲ့ FN-16တို့ဟာ အနီအောက် ရောင်ခြည် ချိန်ရွယ်မှုစနစ်သုံး ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေဖြစ်ပြီး ခပ်နိမ့်နိမ့် ပျံသန်းတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို ပစ်ချဖို့ အဓိက ရည်ရွယ် ထုတ်လုပ်ထားပါတယ်။ အလွယ်တကူ သယ်ယူ ရွှေ့ပြောင်းနိုင်တဲ့ လက်နက်စနစ်တွေ ဖြစ်တာကြောင့်လည်း အီရန်ရဲ့ တပ်စခန်းတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေနဲ့ တခြား မဟာဗျူဟာ တည်နေရာတွေမှာ ခပ်မြန်မြန် ဖြန့်ကျက်နိုင်မှာ ဖြစ်ပါတယ်။

လက်နက်ပါရဂူတွေကတော့ QW-12တွေဟာ နောက်ပိုင်းမှာ အသစ်ထုတ်လုပ်တဲ့ QW-18၊ QW-19တို့လို မျိုးဆက်သစ်တွေနဲ့ ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေ ရှိနေကြောင်း ထောက်ပြခဲ့ပေမယ့် ဒရုန်းနဲ့ အနိမ့်ပျံ လေယာဉ်တွေကို တားဆီးတဲ့ အပိုင်းမှာတော့ အတော်လေး အသုံးဝင်နေဆဲလို့ သုံးသပ်ထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။