Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ဒရုန်းတွေမှာ တပ်ဆင်နိုင်တဲ့ jammer နည်းပညာ မူပိုင်ခွင့်ကို ဗြိတိန် လွှဲပြောင်းပေး

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ လာရောက် မတွေ့ဆုံခင်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ဗြိတိန်နိုင်ငံဆီ ကနဦး သွားရောက်ခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ်သစ် အန်ဒီ ဘန်ဟမ်နဲ့ တွေ့ဆုံဆွေးနွေးမှုမှာတော့ ဘန်ဟမ်က ဗြိတိန်ရဲ့ Stone Cloakဆိုတဲ့ အီလက်ထရောနစ် စစ်ဆင်ရေး စနစ် မူပိုင်ခွင့်တွေကို ယူကရိန်းဆီ ထောက်ပံ့ပေးအပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆက် အနေနဲ့ ယူကရိန်းဟာ ရုရှားရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ထိထိရောက်ရောက် နှောင့်ယှက်နိုင်မယ့် jammerတွေကို ကိုယ်တိုင် တည်ဆောက်လာနိုင်မှာပါ။ ဒါဟာ ရုရှားပိုင်နက်ထဲထိ တာဝေးပျံသန်းပြီး ပစ်မှတ်တွေကို ချေမှုန်း တိုက်ခိုက်နေတဲ့ ယူကရိန်း ဒရုန်းတွေကို ရုရှားက ခြေရာခံဖို့၊ ကြားဖြတ် ပစ်ချဖို့ ပိုခက်ခဲလာစေမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Stone Cloakဟာ တက်ဘလက် ကွန်ပျူတာငယ် တစ်လုံးစာလောက်သာ အရွယ်ရှိတဲ့ jammerဖြစ်ပြီး ပျံသန်းနေတဲ့ ဒရုန်းတွေမှာ တပ်ဆင်နိုင်ပါတယ်။ အဲဒီကနေ ထုတ်လွှတ်တဲ့ လှိုင်းတွေဟာ ရန်သူ့ ရေဒါကွန်ရက်တွေကို အနှောင့်အယှက် ဖြစ်စေပြီး လေကြောင်းကာကွယ်ရေး စနစ်တွေ ထူထူထပ်ထပ် ချထားတဲ့ ဇုန်နယ်မြေတွေပေါ်က ဖြတ်ပြီး ပျံသန်းနိုင်စေမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကတည်းက ဗြိတိန်ဟာ ယူကရိန်းဆီ အဲဒီ jammerတွေ ထောင်နဲ့ချီ ပေးပို့ထားပြီး အခုတော့ ယူကရိန်းကိုယ်တိုင် အလုံးအရင်း ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယူကရိန်း စစ်တပ်ရဲ့ တာဝေး ဒရုန်းတိုက်ခိုက်မှု စွမ်းရည်ကို ပိုပြီး လွတ်လွတ်လပ်လပ်၊ အမှီအခိုကင်းကင်း မြှင့်တင်လာနိုင်မယ့် သဘောပါပဲ။

အရင် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာရဲ့ ရာထူးကို ဆက်ခံခဲ့တဲ့ ဘန်ဟမ်က ဝန်ကြီးချုပ် ပြောင်းသွားပေမယ့် ယူကရိန်းကို အားပေး ကူညီနေတဲ့ ဗြိတိန် အစိုးရရဲ့ မူဝါဒတွေက အရင်အတိုင်း ဆက်ရှိနေမယ်လို့ အာမခံထားပါတယ်။

BBC သတင်းဌာနနဲ့ အင်တာဗျူး တစ်ခုမှာ ဘန်ဟမ်က ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျိန်းသေကြောင်း၊ ယူကရိန်း ပြည်သူတွေအတွက် အလိုအပ်ဆုံး၊ အကောင်းဆုံး ဖြစ်စေမယ့် အရာတွေကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။