Connect with us

Hi, what are you looking for?

သတင်း

စစ်ဖက်ဆိုင်ရာအသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးလေဆိပ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

ဇူလိုင် ၂၉၊ ၂၀၂၆။သတိုး/People’s Spring

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

ပုဂံ၊ညောင်ဦးလေဆိပ်ဟာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှု‌တွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ရဟတ်ယာဉ်‌တွေ နဲ့ Gyrocopter တွေထားရှိပြီး ပြီးခဲ့တဲ့ ၂လလောက်ကစပြီး အညာဒေသက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ အဓိက အသုံးပြုနေတဲ့ လေဆိပ်ဖြစ်တယ်လို့ ညောင်ဦးဒေသမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

” ဖြစ်စဉ်က မှန်ပါတယ်။ ညောင်ဦးလေဆိပ်ကို ပစ်တာ။ ညောင်ဦးလေဆိပ်က ခရီးသည်တွေအတွက်ပဲ သုံးတဲ့လေဆိပ်မဟုတ်တော့တာ ကြာပြီလေ။ တစ်လလောက်ရှိပြီ။ အညာဒေသက မကွေးတိုင်း ဆောတို့ မြိုင်တို ကျောက်ထုဒေသတွေကို ဂျက်ဖိုက်တာနဲ့ ပစ်နေတာက ညောင်ဦးလေဆိပ်က တက်သွားတဲ့ ဟာတွေပဲ။ လေဆိပ်က စစ်ဖက်သုံးလေဆိပ်ဖြစ်နေပြီ”လို့ ညောင်ဦးဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးကို BWM ရဲ့ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Infinity (အညာ) ၊ Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖအဖွဲ့ နဲ့ ညောင်ဦးခရိုင် ရင်း (၅)တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၈ ရက် ညက ‌၁၀၇ ‌မမ ရှော့တိုက်ဒုန်း ၈ လုံးပစ်ခတ်ခဲ့ရာမှာ ၅ လုံးအောင်မြင်ခဲ့တယ်လို့ BWM ထုတ်ပြန်ပါတယ်။

“နေ့စဉ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ gyrocopter ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများ နေ့စဉ် အသက်ဆုံး ရှုံးနေရသဖြင့် BWMနှင့် မဟာမိတ်အဖွဲ့ တို့ က ညောင်ဦးလေဆိပ် ရှိ Mi35 ၊ ဆီလှောင်ကန် နှင့် gyrocopterများ ထားရာသို့ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အနေနဲ့ မကွေးလေတပ်စခန်းက Mi 35 ရဟတ်ယာဉ်နဲ့ Gyrocopter တွေကို မေလကတည်းက ညောင်ဦးလေဆိပ်ကို ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး ညောင်ဦးလေဆိပ်ကနေ ပခုက္ကူ၊ မြိုင်၊ ပေါက် အပါအဝင် ချင်းတောင် ကျောက်ထုဘက် နဲ့မြစ်ချေ မြို့ဝန်းကျင်ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာလို့ BWM ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

ညောင်ဦးလေဆိပ်ကို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်ရေးမှာ အဓိကအသုံးပြုတဲ့ Y8 နဲ့ Y12 ယာဉ်တွေ မကြာခဏဆင်းသက်ရပ်နားတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

အခုစစ်ဆင်ရေးက BWM ရဲ့ Mission 57 အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပါဝင်ကူညီပေးကြတဲ့ မဟာမိတ်အဖွဲ့တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်လက်တွဲတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်ထိုးစစ်ခုခံရင်း တော်လှန်ရေးရဲဘော် ၅၀ ကျော် ကျဆုံး၊ စစ်တပ်က ၅၀၀ ကျော်သေ၊ အလင်းဝင်သူနဲ့ ဖမ်းမိသူ ၁၀၀ ခန့်ရှိဟု ထုတ်ပြန်