သတင်း နမ့်ဖက်ကာတွင် မူးယစ်ဆေးသုံးသူ ၁၀၀ကျော်ဖမ်းမိဟု TNLAထုတ်ပြန် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဖက် ကာကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများလာပြီး ဒေသခံလူထုအတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ခိုးဆိုး/လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြသည်။ LuduNwayOoဩဂုတ် 7, 2022
သတင်း ဗြိတိန်ရောက် မြန်မာအမျိုးသမီးသုံးဦးက နွေဦးတော်လှန်ရေးအတွက် ကတုံးရိတ်၍ ရန်ပုံငွေရှာ "မိန်းမတို့ဘုန်း ဆံထုံး"ဟု စကားပုံရှိသော်လည်း ဆံပင်ကိုဖြတ်၍ တော်လှန်ရေး အတွက် ခရီးဆက် ရန်လှူဒါန်းသည့် အမျိုးသမီးများအား လေးစားဂုဏ်ယူမိကြောင်း လူမှုကွန်ရက်အသုံးပြုသူ တစ်ဦးကလည်း မှတ်ချက်ပြုရေးသား ထားသည်။ LuduNwayOoဩဂုတ် 7, 2022
သတင်း စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ဒေသများမှ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည် "အမေ့ကို ရာသီဥတုအပူဒဏ်က ကာကွယ်ပေးခဲ့တဲ့ဒီယပ်တောင်လေးဟာ အခုအချိန်မှာ ပြည်လုံးကျွတ် ခံစားနေရတဲ့ သောကအပူမီးတွေကို ငြိမ်းအေးစေဖို့ အကောင်းဆုံးအထောက်အပံ့ ဖြစ်စေမှာ သေချာပါတယ်"ဟု ဖော် ပြသည်။ LuduNwayOoဩဂုတ် 7, 2022
သတင်း အိန္ဒိယသို့ပို့ရန် မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှစ်ဦးကို ထန်တလန် CDF ပြည်သူ့ရဲတပ်ဖွဲ့ ဖမ်းဆီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 7, 2022
သတင်း မတူပီနယ် ဇိုတုန်ဒေသသို့ စစ်ကောင်စီတပ်ရောက်လာ၍ ရွာ ၁၁ရွာမှဒေသခံ ၂,၅၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။ LuduNwayOoဩဂုတ် 7, 2022