Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်းမှာသေနတ်သမားတွေတိုက်ခိုက်မှုကြောင့်ထိုင်းစစ်သားငါးဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

ဓာတ်ပုံ - Thai PBS

ဇူလိုင် – ၂၃ ၊၂၀၂၆

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

ဒါဟာခွဲထွက်ရေးလက်နက်ကိုင်အင်အားစုတွေလှုပ်ရှားနေရာထိုင်းတောင်ပိုင်းမှာဆယ်စုနှစ်တစ်ခုလောက်ကာလအတွင်းအသေအပျောက်အများဆုံးတိုက်ခိုက်မှုလည်းဖြစ်လာပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းတုန်းကနာရာသီဝတ်ခရိုင်ထဲမှာရှိတဲ့စစ်တပ် လုံခြုံရေးစစ်ဆေးတဲ့ဂိတ်တစ်ခုကိုဗုံးခွဲပြီးသေနတ်သမားတွေကပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေးကင်မရာမှတ်တမ်းတွေမှာတော့အနက်ရောင်ပစ်ကပ်ကားတစ်စီးရဲ့နောက်ခန်းမှာ သေနတ်တွေကိုင်ပြီး ဦးထုပ်တွေဆောင်း၊ မျက်နှာဖုံးတွေ ဝတ်ထားသူ ခြောက်ဦး စီးနင်း လိုက်ပါသွားတာကို တွေ့ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ အရပ်သား ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သမားတွေဟာ ပစ်ခတ်မှုအပြီး တခြားခရိုင်တစ်ခုရဲ့ နယ်နိမိတ်ထဲ ထွက်ပြေးဝင်ရောက် လွတ်မြောက်သွားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက အခင်းဖြစ်တဲ့ နေရာကို ပိတ်ဆို့ထားပြီး တရားခံတွေကိုလည်း ခြေရာခံ ရှာဖွေနေပါတယ်။

ဘူခါ ဆာမီ စစ်ဆေးရေးဂိတ်မှာလုံခြုံရေးအတွက် နေရာယူထားခဲ့တဲ့ တပ်ရင်းအမှတ် ၄၅ ရဲ့ တပ်ဖွဲ့ဝင်တွေကို သေနတ်သမားတွေက ပစ်ခတ်ပြီး လက်လုပ် ပိုက်ဗုံးနှစ်လုံးကို အဆောက်အအုံထဲ ပစ်ထည့်ခဲ့ကြောင်း ထိုင်းကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၂၃ ရက် မနက်ပိုင်းထိ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ ဖမ်းဆီးတာမျိုး မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း တာဝန်ရှိကြောင်း မကြေညာသေးပါဘူး။

နာရာသီဝတ် အုပ်ချုပ်ရေးမှူး ဘွန်ချွေဟိုမြာမြန်ဟာ ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ဖက်စွန်းပြည်နယ်တချို့မှာတော့လက်နက်ကိုင်ခွဲထွက်ရေးလှုပ်ရှားမှုတွေဟာပမာဏသိပ်မကျယ်ပြန့်ပေမယ့်လည်း ၂၀၀၄ ခုနှစ်ကတည်းက တည်ရှိနေခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်းယာလီမှာရှိတဲ့စစ်ဆေးရေးဂိတ်တစ်ခုကို သေနတ်သမားတွေကအငိုက်ဖမ်းတိုက်ခိုက်ပြီးသေနတ်တွေနဲ့ပစ်၊ လက်ပစ် ဗုံးတွေပစ်ထည့်ခဲ့တာကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၅ ဦး သေဆုံးပြီး ငါး ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

အဲဒီ ဖြစ်စဉ်ကိုတော့ဘာရီဆန်ရီဗိုလူဆီနေစီယွန်နယ်ဆိုတဲ့အဖွဲ့က ကျူး လွန်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

ကိုးကား -AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦးကို ပစ်သတ်သွားတဲ့ သေနတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။