Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး ၆နှစ်အကြာ ကြက်ဥအလုံးကြီးတစ်လုံး ကျပ် ၇၀၀ ရှိလာ

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဇူလိုင်-၂၃၊၂၀၂၆။ရောင်နီ/People’s Spring

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“ကြက်ဥက ဒိုင်ကအဝယ်ဈေးကို ကိုယ်ရောင်းတဲ့ဈေးဖြစ်နေတာ။ အကြီးဆုံးဆိုဒ်တွေက ၅၉၀ လောက်ဖြစ်သွားတော့ ၆၅၀ လောက်ရောင်းမှ အဆင်ပြေတယ်”လို့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ကြက်ဥက လူတန်းစားမျိုးစုံ ဝယ်ယူစားသုံးမှု အများဆုံး ဖြစ်တာကြောင့် ဒီလိုဈေးတတ်တာက အခြေခံလူတန်းစားတွေအတွက် ထိခိုက်မှုအများဆုံးဖြစ်နိုင်တယ်လို့ ပြည်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရန်ကုန်မှာ ​လွန်ခဲ့တဲ့ ၃ ရက်လောက်ထဲက ကြက်ဥစျေးက ၇၀၀ ဖြစ်နေတာပါ အလုံးအသေးလေးတွေက ၆၅၀၊ အကြီးက ၇၀၀ ပါ။ ၆၅၀ က တော်တော်သေးပါတယ်။ အခုက ပိုက်ဆံမရှိတဲ့ စပြည်သူတွေ ဟင်းမရှိလို့ ကြက်ဥဝယ်စားမယ် ဆိုရင်တောင် ကြက်ဥဖိုးမတတ်နိုင်တော့ဘူး ဖြစ်နေတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အာဟာရပြတ်ပြီး သေဆုံးသူတွေ ပေါ်လာတာပါ။ မအလ လက်ထက်မှာ နိုင်ငံရော ပြည်သူတွေရဲ့ ဘဝတွေရော တနေ့တခြား ပိုပိုဆိုးဝါးလာပါတယ်” လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

“အရင်က ဒိုင်ကနေကြက်ဥ တခါဝယ်ရင်(အလုံး၁၅၀) ငါးသောင်းကျော်ပဲရှိတာ။ အခုက ရှစ်သောင်းကျော်ရှင်းရတယ်။ ကြက်ဥတောင်လျော့စားရမလိုဖြစ်နေတယ်” လို့ အားကစားခန်းမဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

စီးတီးမတ်တွေမှာလည်း အရင်က ကြက်ဥတစ်လုံးကို ၃၆၅ ကျပ်နဲ့ရောင်းပေးပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်က ၄၂၅ ကျပ်အထိ ဈေးတတ်သွားခဲ့ပြီး အခုလက်ရှိမှာ‌တော့ ၅၅၀ ကျပ်ဖြစ်သွားပြီလို့ ဈေးဝယ်သူတစ်ဦးကပြောပါတယ်။

စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများ အစုအဖွဲ့ တွေက ဇူလိုင် ၂၂ ရက်ကစတင်ပြီးရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ ကြက်ဥ တစ်လုံးကို ၅၅၀ နဲ့ရောင်း‌ချပေးနေတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် မြို့နယ်တိုင်းမှာတော့ ရောင်းချတာမတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဈေးထဲမှာ ကြက်ဥတစ်လုံး ၅၀၀ ဖြစ်နေတဲ့အချိန် ၁၂ လုံး ၅၀၀၀ နဲ့ရောင်းပေးတာတွေရှိတယ်။ အခုတော့ အဲဒီလိုလာရောင်းတာမတွေ့ရဘူး” လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ကြက်ဥတွေဈေးတတ်ရတာက ကာကွယ်ဆေးနဲ့ အစာကုန်ကြမ်း သွင်းတဲ့ဘက်မှာ လိုအပ်ချက်ရှိသလို မွေးမြူရေး ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်မှု ၊အရင်နှစ်တွေက ဥစားကြက်ပေါက်ထုတ်လုပ်မှုနဲ့ ဝယ်လိုအား အချိန်နဲ့‌တပြေးညီမဖြစ်ခဲ့မှု ၊ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ရောဂါကျရောက်မှုနဲ့ ကျောင်းဖွင့်ရာသီ ကြက်ဥလိုအပ်ချက်မြင့်လာတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ် အာဏာမသိမ်းခင်ကာလက ကြက်ဥတစ်လုံးကို ကျပ် ၁၀၀ ဝန်းကျင်သာရှိပေမယ့် လက်ရှိမှာတော့ ကြက်ဥဈေးက ၆ ဆကျော်တက်လာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

ဆောင်းပါး

စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်​ဆောင်းပါး ကဖေး/People’s Spring မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံး သန်းကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)ရဲ့ နောက်ဆုံးထုတ်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီ သုံးသန်းကျော်မှာ ကလေးနှစ်ဦးမိခင်မဇင်မာတစ်ယောက်ပါဝင်ပါတယ်။ Public Service Announcement မဇင်မာက အညာသူစစ်စစ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက...

သတင်း

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြမည်ဟု Milk Tea Alliance Thailand ကြေညာ