Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံမှုမှာ မြန်မာကိစ္စကို ထည့်သွင်းဆွေးနွေး

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - MOFA, Thailand

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရင်း ထိုင်းရဲ့ ဆီဟာဆက် ဖုန်ကက်ကောင်နဲ့ အမေရိကန်ရဲ့ မာကို ရူဘီရိုတို့ ဇူလိုင် ၂၃ ရက်နေ့က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးဟာ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနဲ့ ဒေသဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နှစ်နိုင်ငံ ဝန်ကြီးတွေဟာ ထိုင်းနဲ့ အမေရိကန်ကြားက ကာလရှည်ကြာ တည်တံ့နေတဲ့ မဟာမိတ် ဆက်ဆံရေးကို ထပ်လောင်း ခိုင်မာစေဖို့လည်း အပြန်အလှန် ကတိထားရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရူဘီရိုနဲ့ ဆီဟာဆက်တို့ဟာ အာဆီယံ ဒေသတွင်း ပြဿနာတွေဖြစ်တဲ့ ထိုင်း-ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခ၊ မြန်မာ့ ပြည်တွင်း အကျပ်အတည်းတွေနဲ့ ပတ်သက်လို့လည်း အမြင်ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့၊ အထူးသဖြင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ရာမှာ အလေးအနက် ပူးပေါင်း အားထုတ်ကြဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ဆီဟာဆက်ဟာ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး အန်နစ်တာ အန်နန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ကျားဖြန့်တိုက်ဖျက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အာဆီယံ-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ ထိုင်း-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုတွေ စောစောပြီးမြောက်နိုင်ရေးအတွက် ထိုင်းအစိုးရက ထောက်ခံ ကူညီသွားမယ်လို့လည်း ဆီဟာဆက်က အန်နစ်တာကို ကတိပြုခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။