Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည်

“အမေ့ကို ရာသီဥတုအပူဒဏ်က ကာကွယ်ပေးခဲ့တဲ့ဒီယပ်တောင်လေးဟာ အခုအချိန်မှာ ပြည်လုံးကျွတ် ခံစားနေရတဲ့ သောကအပူမီးတွေကို ငြိမ်းအေးစေဖို့ အကောင်းဆုံးအထောက်အပံ့ ဖြစ်စေမှာ သေချာပါတယ်”ဟု ဖော် ပြသည်။

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်း ဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည်
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်း ဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည်

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် ‘ အမေ့လက်ဆောင် အမေ့ယပ်တောင်’ အစီအစဥ်မှ မဲလက်မှတ်များရောင်းချခြင်းကို သြဂုတ် ၈ ရက်တွင် စတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း OFP နှင့် Global Fundraiser Group (GFG)တို့မှ အသိပေးထုတ်ပြန်သည်။

‘အမေ့လက်ဆောင် အမေ့ယပ်တောင်’အစီအစဥ်ကို NUG အစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)နှင့် OFP ၊ Global Fundraiser Group (GFG)တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး မဲလက် မှတ်များကို သြဂုတ် ၈ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မဲလက်မှတ်များ ရောင်းချရာတွင် အခြေခံစျေးနှုန်းအနေဖြင့် မဲလက်မှတ်တစ်စောင်လျှင် မြန်မာငွေဖြင့် ကျပ် ၂၀,၀၀၀၊ အမေရိကန်ဒေါ်လာဖြင့် ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး နိုင်ငံပေါင်း(၂၄)နိုင်ငံ၏ ငွေကြေးစနစ်များဖြင့် အလွယ်တကူဝယ်ယူနိုင်ရန် စီစဥ်ထားသည်ဟု အသိပေးသည်။

ယခုအစီအစဥ်၌ မဲပေါက်သူထံ ပြန်လည်ပေးအပ်မည့် ယပ်တောင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တနှံတလျားခရီးစဥ်များတွင် ယူဆောင်သွားလေ့ရှိသောပစ္စည်းတစ်ခုဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်၏အငွေ့အသစ်များ ဝါဝင်နေမည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အမေ့ကို ရာသီဥတုအပူဒဏ်က ကာကွယ်ပေးခဲ့တဲ့ဒီယပ်တောင်လေးဟာ အခုအချိန်မှာ ပြည်လုံးကျွတ် ခံစားနေရတဲ့ သောကအပူမီးတွေကို ငြိမ်းအေးစေဖို့ အကောင်းဆုံးအထောက်အပံ့ ဖြစ်စေမှာ သေချာပါတယ်”ဟု ဖော် ပြသည်။

အာဏာရူးနှင့် နောက်လိုက်များ၏ မိုက်မဲရမ်းကားမှုကြောင့် မြန်မာပြည်အရပ်ရပ်တွင် ကျေးရွာများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ ရွာသူရွာသား ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ပိုင်ဆိုင်မှုအစုစုကိုလက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ထောက်ပြသည်။

ထို့ကြောင့် ယခုလို ပြည်သူ့တော်လှန်ရေးအရှိန်အဟုန် မြင့်တက်လာချိန် ပြန်လည်ထူထောင်ရေးကိုလည်း မေ့မထားသင့်ဘဲ တော်လှန်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ဆိုသကဲ့သို့ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရသော ကျေးရွာများတွင် MOHADM က ဦးစီးပြီး အိုးအိမ်များ အသစ်ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးသည်။

“ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်း ကူညီကြရပါမယ်”ဟု နှိုးဆော်သည်။

လက်မှတ်ရောင်းချခြင်း အစီအစဉ် အသေးစိတ်ကို အ​မေ့လက်​​ဆောင်-အ​မေ့ယပ်​တောင် ​ဖေစ်ဘွခ်စာမျက်နှာ https://www.facebook.com/အမေ့လက်ဆောင်-အမေ့ယပ်တောင်-104711952334524/ မှတစ်ဆင့်ထပ်မံ အသိပေးသွားမည်ဟုထုတ်ပြန်ထားသည်။

ဤအစီအစဥ်မှ မဲပေါက်သူကို သြဂုတ် ၂၆ ရက်တွင်ကြေညာပေးသွားမည်ဖြစ်ပြီး လက်မှတ်ရောင်းချရငွေအားလုံးကို OFP နှင့် GFG မှတဆင့် MOHADM ထံသို့လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ မျက်မြင်လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က အသိပေးသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။