Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် သယံဇာတကျိန်စာ ဒေသခံတွေ လည်စင်းခံရပြန်

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

Screenshot

ဇူလိုင်-၂၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

လုံးခင်းကျေးရွာအုပ်စု နဲ့ ဖားကန့်မြို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းအချို့အပါအဝင် နေရာအများစုမှာ တောင်ကျရေကြောင့်ပျက်စီးမှုတွေများပြားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်ဆယ်လုံးထက်မနည်းလည်း ကျောက်ခဲတွေနဲ့နုံးမြေတွေပိသွားပြီး ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

ပျက်စီးသွားတဲ့လမ်းတွေကို ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေနဲ့ ဒေသခံလူမှုကူညီအဖွဲ့တွေက စက်ယန္တရားတွေသုံးပြီးပြင်ဆင်ပေမယ့် သွားရေးလာရေးခက်ခဲနေဆဲပဲလို့ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မှာ မေလနဲ့ ဇွန်လကလည်း​ရေဘေးကြုံတွေ့ခဲ့ပါတယ်။ ဇူလိုင်လဆန်းမှာ မိုးနည်းပြီးရေ ဘေးမကြုံခဲ့ပေမယ့် ဇူလိုင်လလယ်မှာ မိုးပြန်ကောင်းလာပါတယ်။

ဇူလိုင်လ၁၉ရက်မနက်မှာတော့တကျော့ပြန် ရေဘေးရင်ဆိုင်ရတာပါ။ ဇူလိုင်၁၉ရက်နေ့က မြေပြိုလို့ အိမ်တွေနဲ့ လမ်းတွေ ပျက်စီးခဲ့ပါတယ်။ လသားအရွယ်ကလေးတစ်ဦးလည်း နေအိမ်ပေါ်ကနေ ရေထဲကို ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ အဲဒီကလေးရဲ့ရုပ်အလောင်းဟာဥရုချောင်းအတိုင်းမျောပါသွားပြီး တခြားရပ်ကွက်က နေအိမ်တွေကြားမှာ တင်ကျန်ခဲ့တာပါ။

ဖားကန့်ရေဘေးနဲ့ မြေပြိုတဲ့ဘေးမှာ လူထိခိုက်သေဆုံးမှုတွေ မကြာခဏ ရှိနေပါတယ်။

ဇွန်လ ၁၆ ရက်နဲ့ ဇွန်လ၂၁ရက်မှာ တောင်ကျ ရေနဲ့ မြေပြိုလို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၇ရက်နေ့ညက နမ့်မှော်ရွာမှာ မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။ကမ်းပါးပြိုလို့ လူဆယ်ဦးထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့ပါတယ်။ဇူလိုင်လ ၃ရက်နေ့ကလည်း နမ့်မှော်ရွာမှာ မြေစာပုံထပ်ပြိုလို့ ၇ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ အလားတူဇူလိုင်လ၁၈ရက်နေ့ကလည်းမြေစာပုံထပ်ပြိုလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဖားကန့်ဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပါတယ်။ ကျောက်စိမ်းကရတဲ့အကျိုးအမြတ်တွေကို ဒေသခံတွေ ခံစားခွင့်မရသလို ဒေသဖွံ့ဖြိုးရေးအတွက်လည်း မသုံးတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသ အဖြစ်ရှိနေပါသေးတယ်။ နှစ်စဉ် မိုးရာသီရောက်တိုင်းလည်း ဆိုးရွားတဲ့ရေဘေးကိုဒေသခံတွေမကြာခဏရင်ဆိုင်နေရပါတယ်။ ကျောက်စိမ်းတူးဖို့အရေးလုပ်ကွက်တွေအတွင်း မြေစာပုံနဲ့ကမ်းပါးတွေပြိုကျလို့လည်း နှစ်စဉ်လူရာရှိသေဆုံး နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။