Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယသို့ပို့ရန် မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှစ်ဦးကို ထန်တလန် CDF ပြည်သူ့ရဲတပ်ဖွဲ့ ဖမ်းဆီး

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ထန်တလန်မြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ နှစ်ဦးကို ထန်တလန် ချင်းကာကွယ်ရေးတပ် (CDF)၏ ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

ထန်တလန် CDF တပ်ရင်း(၄)နယ်မြေ ထန်တလန်မြို့နယ် ထန်ဇန်းရွာနှင့် ရွာခွာကျေးရွာ အကြား စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၅ရက် ညနေပိုင်းက ဘိန်းဖြူများသယ်လာသူ ဦးဇာဟုပ် နှင့်ဦးဗန်ဇာဟမ်တို့အား ဇာနက်တောင်ကြော ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးရမိသည့် တရားခံနှစ်ဦးအား ထန်တလန် CDF တပ်ရင်း(၄)တရားခုံတွင် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။