News NUGက လေကြောင်းအန္တရာယ်ကာကွယ်ရေး အကြံပြုချက်ပညာပေးဗီနိုင်းများကို ကရင်ပြည်နယ်ရှိ ကျောင်းနှင့်ဆေးရုံများတွင် ဖြန့်ဝေ ယခုအခါ တိုင်းရင်းသား ပြည်သူများအတွက် လေကြောင်းအန္တရာယ်ကာကွယ်ရေး ပညာပေး အစီအစဥ်တွင်အသုံးပြုလာနိုင်သဖြင့် ထိုအစီအစဥ်တွင်တစ်ထောင့်တစ်နေရာမှ ကူညီခွင့်ရခဲ့၍ People's Spring သတင်းဌာနဝိုင်းတော်သားများကလည်းကျေနပ် ဂုဏ်ယူရပါသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News စစ်ကောင်စီ၏ YBS ယာဥ်လိုင်းများ နံပါတ်ပြောင်းလဲပြေးဆွဲမည့်အပေါ် ဝေဖန်နေ "သူ့လိုင်းနံပါတ်တွေ ပြန်မှတ်နေရတာ တော်တော်အလုပ်ရှုပ်မှာပဲ တမင်ပြောင်း ပြစ်တာ။ ကွီးဖြိူးလက်ထက်က Bus နံပါတ်တွေဖြစ်နေလို့ကို သူတို့လက်ထက်မှာ ပြောင်းပစ်တာ" ဟု YBS စီးနင်းသူ အမျိုးသားတစ်ဦးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News မောင်တောတွင် AAနှင့် စစ်ကောင်စီတိုက်ပွဲဆက်ဖြစ်၊ နေရာသုံးခု၌ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော ဖေဖော်ဝါရီ ၅ရက်က မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးရှိ တောင်ကြောတစ်ခု၌ AA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင် နေရာသုံးခုတွင် ဆက်လက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News လူထုဆန္ဒသဘောထားနှင့်အညီ အားလုံး၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဟု CRPH ကတိပြု ဖေဖော်ဝါရီ ၅ ရက်တွင် CRPH ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ခဲ့ပြီး ယင်းနေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးသို့ တင်သွင်းသည့် CRPH ၏ အစီရင်ခံ စာ၌ ယင်းသို့ ထည့်သွင်းဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ကလေးမြို့သို့လာသည့် စစ်ကြောင်းကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂၀ဦးသေဟု PDFထုတ်ပြန် လမ်းလျှောက်တက်လာသည့် စစ်ကောင်စီတပ်သား ၆၀ ကျော်အနက် ၁၅ဦးခန့်ထိမှန်သေဆုံးခဲ့ကြောင်း၊ မိုင်းထိမှန် ဒဏ်ရာရသူများထဲမှ ကလေးမြို့ စစ်ဆေးရုံသို့ ရောက်ရှိပြီး နောက်ထပ် ၅ဦး သေဆုံးသွားကြောင်း ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022