Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ်ကို ​ဒေါ်​အောင်ဆန်းစုကြည်နဲ့​ တွေ့ဆုံခွင့် စစ်တပ်ငြင်းဆို

ဒေါ်​အောင်ဆန်းစုကြည်​ကျန်းမာ​ရေး​ကောင်မွန်ပြီး ၊အမအရင်းလို​စောင့်​ရှောက်မှုမျိုးရမည်ဟု အာဆီယံကို စစ်အုပ်စု​ပြော

အာဆီယံနိုင်ငံခြား​ရေးဝန်ကြီး​တွေနဲ့ စစ်တပ်ခန့်ဝန်ကြီး တင်​မောင်​ဆွေ ။ ဓါတ်ပုံ- Thai PBS

ဇူလိုင်-၁၂၊၂၀၂၆။People’s Spring

အာဆီယံအထူးကိုယ်စားလှယ်ကနိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခွင့်အ​ပေါ်စစ်တပ်ကငြင်းဆိုပြီး ​​ဒေါ်​အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်နေကြောင်းနဲ့ ဂရုတစိုက်စောင့်ရှောက်မှုမျိုး ရရှိမှာဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်ကအာဆီယံကိုယ​​နေ့ ပြောကြားခဲ့ပါတယ်။

ဇူလိုင်က ဘန်ကောက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာအခုလိုအာမခံခဲ့တာလို့ ဆိုပါတယ်။

ဒါ​ပေမယ့်ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံ ဥက္ကဋ္ဌက ခန့်အပ်တဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ မာရီယာ ထရေဆာ လာဇာရိုဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု အပြီးကတည်းက မြန်မာစစ်တပ်ရဲ့ မတရား ဖမ်းဆီးထောင်ချမှုကို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း တင်မောင်ဆွေက စကားအလိမ္မာသုံးပြီး ငြင်းဆိုတာ ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

​နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-AP

သူမှတ်မိသလောက် ပြန်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံခြားရေးဝန်ကြီးကဒေါ်အောင်ဆန်းစုကြည်ဟာကျန်းမာရေးကောင်းကောင်းမွန်မွန် ရှိနေကြောင်း၊ သူ့ကို ဆွေမျိုးသားချင်း အစ်မအရင်း တစ်ယောက်လို သဘောထားပြီး သေချာ ဂရုစိုက် စောင့်ရှောက်သွားမှာဖြစ်ကြောင်း ဆိုတာတွေ ပါရှိခဲ့တယ်လို့ လာဇာရိုက ဆိုပါတယ်။

ဒါ​ပေမယ့်အာဏာသိမ်းစစ်တပ်ဟာ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်ကတည်းက​ဒေါ်​အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး နှစ်ရှည်​ထောင်ဒဏ်​တွချမှတ်ကာသတင်းအ​မှောင်ချထားပြီးသားဖြစ်သူ ကိုထိန်းလင်းနဲ့ပါဆက်သွယ်ခွင့်ကို ငါးနှစ်​ကျော်ကြာဖြတ်​တောက်ထားတာပါ။

အာဆီယံနဲ့ မြန်မာကြားကအလွတ်သဘော တွေ့ဆုံမှုမှာအသက် ၈၁ နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တာပါ။ ဖိလစ်ပိုင်ဟာ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာကြောင့် ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ လာဇာရိုက အဓိက ကြီးမှူးခဲ့ပါတယ်။

ဒါဟာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံ နိုင်ငံတွေကြား ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း စစ်တပ်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

အစည်းအဝေးမှာတော့ အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘာမှ ထိရောက်တဲ့ အကျိုးဖြစ်ထွန်းမှု မရှိဘဲ ၅ နှစ်ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ ဘုံသဘောတူညီချက်၅ ရပ်ကို အဓိက မူဝါဒအဖြစ် ဆက်ပြီး ကိုင်ဆွဲသွားဦးမယ်လို့ လာဇာရိုက အတည်ပြုခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ အာဆီယံရဲ့ တရားဝင် ဆွေးနွေးပွဲ တစ်ခု မဟုတ်ခဲ့ပေမယ့် အာဆီယံရဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေအတွက် ကနဦး ခြေလှမ်းလို့တော့ အသိအမှတ် ပြုကြောင်း၊ ပြီးတော့ မြန်မာအနေနဲ့ ဒါအခွင့်အရေးကို ရယူပြီး ဘုံသဘောတူညီမှု ၅ ချက် အကောင်အထည် ဖော်ရေးနဲ့ ပတ်သက်လို့ မြင်သာတဲ့၊ ခိုင်မာသိသာတဲ့ တိုးတက်မှုတွေ ပြသလာဖို့လည်း မျှော်လင့်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”