Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချန်ပီယံဆု ကာကွယ်ဖို့ မျှော်လင့်ချက်ကို ဆက်ထိန်းထားတဲ့ အာဂျင်တီးနား

ကျားကုတ်ကျားခဲ ခုခံကစားခဲ့တဲ့ ဆွစ်ဇာလန်ကို အချိန်ပိုမှာ အနိုင်ယူပြီး လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်ဆီ တက်ရောက်လာနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - FIFA

ကျားကုတ်ကျားခဲ ခုခံကစားခဲ့တဲ့ ဆွစ်ဇာလန်ကို အချိန်ပိုမှာ အနိုင်ယူပြီး လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်ဆီ တက်ရောက်လာနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ ဒုတိယပိုင်းမှာ မိနစ် ၂၀ လောက်ကို တစ်ယောက်လျော့ အနေအထားနဲ့ ခုခံကစားခဲ့ပြီး အချိန်ပိုထိ တောင့်ခံနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အာဂျင်တီးနားရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အရေးနိမ့်ခဲ့တာပါ။

ပွဲအစ ၁၀ မိနစ်မှာတင် လီယွန်နယ်မက်ဆီ ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ကွင်းလယ်လူ အလက်ဆစ် မက်အလစ္စတာက ခေါင်းတိုက်ပြီး အာဂျင်တီးနားတို့ ပွဲကို ခပ်စောစော ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်ကလည်း ရှိန်မနေဘဲ အာဂျင်တီးနားဖက် ရဲရဲတင်းတင်း တုံ့ပြန် ထိုးဖောက်ခဲ့ပြီး ၆၇ မိနစ်မှာတော့ ရီကာဒို ရိုဒရီဂတ်ဇ် မျှောပေးတဲ့ ဘောလုံးကို ဒန်အန်ဒွိုင်ယာက ပိုင်ပိုင်နိုင်နိုင် ကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဆွစ်ဇာလန်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဘာရီးလ် အမ်ဘိုလိုဟာ ဟန်ဆောင်လှဲချတယ်လို့ သတ်မှတ်ခံရပြီး ဒုတိယ အဝါကတ်ပြားပြသ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဆွစ်ဇာလန် အသင်း တစ်ယောက်လျော့သွားတဲ့ အခြေအနေမှာတော့ အာဂျင်တီးနားက ပွဲကို လုံးဝ ထိန်းချုပ်လိုက်ပေမယ့် မိနစ် ၉၀ ပြည့်တဲ့ထိတော့ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို နာရီဝက် ဆက်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အချိန်ပိုမှာလည်း ဆွစ်ဇာလန်က ဆက်ပြီး တောင့်ခံနေခဲ့ပေမယ့် ပွဲချိန် ၁၁၂ မိနစ်မှာတော့ ဖလာကို လိုပက်ဇ် ချပေးတဲ့ ဘောလုံးကို ဂိုးဧရိယာ အပြင်ဖက်ကတော့ ဂျူလီယန် အယ်လ်ဗာရက်ဇ်က ဆယ်ပြားစေ့ ထောင့်ထဲ လှလှပပ ကန်သွင်းပြီး အာဂျင်တီးနားတို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့နောက် ဆွစ်ဇာလန်ဟာ မလွှဲမရှောင်သာ ဖွင့်ကစားခဲ့ရပြီး အာဂျင်တီးနားအတွက် တန်ပြန်တိုက်စစ်ဆင်ခွင့်တွေ ပိုရလာပါတယ်။ အချိန်ပို နောက်ဆုံးမိနစ်မှာတော့ သီယာဂို အယ်လ်မာဒါ တစ်ကိုယ်တော် ခြေစွမ်းနဲ့ ထိုးဖောက်လာပြီး ကန်သွင်းတာကို ဆွစ်ဇာလန် ဂိုးသမား ဂျော့ဂျ်ကိုဘဲလ် ကာကွယ်နိုင်ခဲ့ပေမယ့် လျှံထွက်သွားတဲ့ ဘောလုံးကို လော်တာရို မာတီနက်ဇ်က ထပ်ဆင့်ပိတ်သွင်းပြီး အာဂျင်တီးနားတို့ တတိယဂိုး ရသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဂျင်တီးနားရဲ့ ချန်ပီယံဆု ကာကွယ်ရေး ရည်မှန်းချက်က ဆက်

လက် အသက်ဝင်နေပြီး ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တစ်ခုတည်းသော တောင်အမေရိက အသင်းအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

ပွဲရဲ့အ​ကောင်းဆုံးကစားသမားဆုကို​တော့ အဆုံးအဖြတ်အနိုင်ဂိုးကို ဂိုးဧရိယာထိပ်က​နေ ဆယ်ပြား​စေ့​ထောင့်ထဲ လှလှပပကန်သွင်းယူခဲ့တဲ့ အဲဗာရက်စ် ကရရှိသွားပါတယ်။

အကြိုဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားဟာ သမိုင်းကြောင်းမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ဖူးတဲ့ အင်္ဂလန်အသင်းနဲ့ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။

ဒါ​ကြောင့် အကြိုဗိုလ်လုပွဲကို လက်ရှိ ဖီဖာ ​ရဲ့​ဘောလုံးအဆင့်သတ်မှတ်ချက် ထိပ်ဆုံး​လေးသင်းစလုံးတက်​ရောက်သွားတာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁ ပြင်သစ်က အဆင့် ၃ က စပိန် နဲ့ ကမ္ဘာ့အဆင့် ၂ အာဂျင်တီးနားက

အဆင့် ၄ က အင်္ဂလန် နဲ့အကြိုဗိုလ်လုပွဲမှာထိပ်တိုက်​တွေ့ကြမှာဖြစ်ပါတယ် ။

ဒီ​နေ့ ပွဲမှာ မက်ဆီက ၁ ဂိုးဖန်တီးနိုင်ခဲ့​ပေမယ့်

ဂိုးမသွင်းနိုင်တာ​ကြောင့် ဂိုးသွင်းအများဆုံးစာရင်းမှာ မက်ဆီ နဲ့ ဘာ​ပေ တို့က ၈ ဂိုးစီ ၊ဟာလန်း ၇ ဂိုး ၊ကိန်း နဲ့ ဘယ်လက်ဂမ်တို့က ၆ ဂိုးစီ ၊ဒမ်ဘီလီက ၅ ဂိုး နဲ့ အစဥ်အတိုင်းရပ်တည်​​​နေပါတယ် ။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။