Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်နဲ့ နိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်း​ဒေသ​တွေမှာ ​ရေ​ဘေးအန္တရာယ်ကြီး​နေဆဲ

ရေဘေး ဆိုးရွားစွာကြုံတွေ့နေတဲရခိုင်ပြည်နယ် အပြင် နိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ မြစ်ရေတွေမြင့်တက်နေပြီး ရေဘေးအန္တရာယ်ကြီးမားနေဆဲဖြစ်တယ်လို့ မိုးလေဝသ သတင်း​တွေ အမြဲ​စောင့်ကြည့် သတိ​ပေး​နေတဲ့ ဦးဝင်းနိုင်က ​ရေးသားထားပါတယ်။

ဇူလိုင်-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေဘေး ဆိုးရွားစွာကြုံတွေ့နေတဲရခိုင်ပြည်နယ် အပြင် နိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ မြစ်ရေတွေမြင့်တက်နေပြီး ရေဘေးအန္တရာယ်ကြီးမားနေဆဲဖြစ်တယ်လို့ မိုးလေဝသ သတင်း​တွေ အမြဲ​စောင့်ကြည့် သတိ​ပေး​နေတဲ့ ဦးဝင်းနိုင်က ​ရေးသားထားပါတယ်။

လတ်တလောအခြေအနေအရ ရခိုင်ပြည်နယ်က ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ လူဦးရေတစ်သိန်းကျော်ရေ ဘေးရင်ဆိုင်နေရပြီး လာမယ့် ဇူလိုင်လ တတိယလပတ်အထိ မိုးဆက်ကြီးနိုင်တယ်လို့ ဦးဝင်းနိုင်က လူမှုကွန်ယက်ကတစ်ဆင့်သတိပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှု သတိပေးစနစ် – Global Flood Awareness System (GloFAS)ကလည်း ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၂၃ရပ်အထိ ရေဘေးအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာဒေသအများအပြား မိုးကြီးနေပြီး ရခိုင်ပြည်နယ်မှာ ရေဘေးအဆိုးဆုံးကြုံတွေ့နေပါတယ်။ ရခိုင်ပြည်နယ် ရေဘေးမှာ လူသေဆုံးမှုတွေလည်း ရှိနေပြီး ရေဘေးသင့်ပြည်သူတွေကိုအာရက္ခတပ်တော်(AA)နဲ့အရပ်ဖက်အဖွဲ့တွေက ဝိုင်းဝန်းအကူအညီပေးနေကြပါတယ်။

မြစ်ရေတွေလည်း မြင့်တက်နေပြီး စစ်ကိုင်းတိုင်းမှာ ချင်းတွင်းမြစ်၊ မွန်ပြည်နယ်မှာ ဘီးလင်းမြစ်၊ ကရင်ပြည်နယ်မှာ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ပဲခူးတိုင်းမှာ စစ်တောင်းမြစ်၊ ရခိုင်ပြည်နယ်မှာ လေးမြို့မြစ်တို့မှာ စိုးရိမ်ရေမှတ်နဲ့ စိုးရိမ်‌ရေမှတ်အနီးကို ရောက်နေပါတယ်။

မိုးဆက်ကြီးမယ့် သတိပေးချက်ကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင် ၁၁ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်နိုင်ပြီးရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးဆက်ရွာနိုင်လို့ ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ MoSLHAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်တောင်မုတ်သုံလေအားကောင်းနေတာ နဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ပါတယ်။

သတင်း

ရေကြီးမှုကြောင့် စပါးခင်းဧကထောင်ချီပျက်စီးမှုရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဆန် ၁အိတ်ကို ကျပ် ၂သိန်းခန့်အထိ စံချိန်တင် စျေးထိုးတက်လာခဲ့ပြီး အခြေခံလက်လုပ်လက်စားနဲ့ စစ်ဘေးရှောင်တွေ ဝမ်းရေးအခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

ဆောင်းပါး

“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”