Connect with us

Hi, what are you looking for?

News

လူထုဆန္ဒသဘောထားနှင့်အညီ အားလုံး၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဟု CRPH ကတိပြု

ဖေဖော်ဝါရီ ၅ ရက်တွင် CRPH ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ခဲ့ပြီး ယင်းနေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးသို့ တင်သွင်းသည့် CRPH ၏ အစီရင်ခံ စာ၌ ယင်းသို့ ထည့်သွင်းဖော်ပြသည်။

(ယနေ့ညနေပိုင်းက ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Nay Myo)

ရှုပ်ထွေးကြမ်းတမ်းသော တော်လှန်ရေးခရီးတွင် ပြည်သူလူထု၏ ဆန္ဒသဘေ ာထားနှင့်အညီ ရပ်တည်ကာ အားလုံး၏ရည်မှန်းချက်များ အောင်မြင်နိုင်ရေးကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ယနေ့(ဖေဖော်ဝါရီ ၆ ရက်)ထုတ်ပြန်သည်။

(ယနေ့ညနေပိုင်းက ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Nay Myo)

ဖေဖော်ဝါရီ ၅ ရက်တွင် CRPH ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ခဲ့ပြီး ယင်းနေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးသို့ တင်သွင်းသည့် CRPH ၏ အစီရင်ခံ စာ၌ ယင်းသို့ ထည့်သွင်းဖော်ပြသည်။

CRPH သည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လိုအပ်သည့်ဥပဒေများ ပြင်ဆင်ပြဌာန်းပယ်ဖျက်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ရေးအပါအဝင် ပြည်သူကိုယ်စားပြုလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင် ရွက်နိုင်ရေးဆက်လက်ကြိုးပမ်းမည်ဟု ဆိုသည်။

(ယနေ့ညနေပိုင်းက ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Nay Myo)

လွန်ခဲ့သည့် တစ်နှစ်အတွင်း CRPH သည် နိုင်ငံတကာရောက် တိုင်းရင်းသားပြည်သူများ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် ပြည်သူ့ ဝန်ထမ်း CDM များကို ကျပ်သိန်း ၂၀၀၀၀ ကျော်ထောက်ပံ့ပေးနိုင်ခဲ့ ပြီး ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အပါအဝင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်များအတွက် လိုအပ်သည်များကို အလှူရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်လှူဒါန်းပေးနိုင်ခဲ့ကြောင်း CRPH အစီရင်ခံစာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ယနေ့ညနေပိုင်းက ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Nay Myo)

ထို့အပြင် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်အုပ်စု ကျဆုံးရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ပြည်သူလူထု၊ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် ပူးပေါင်း၍ မိမိတို့ကို ပေး အပ်ထားသည့်တာဝန်များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း CRPH က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်