Connect with us

Hi, what are you looking for?

News

ကလေးမြို့သို့လာသည့် စစ်ကြောင်းကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂၀ဦးသေဟု PDFထုတ်ပြန်

လမ်းလျှောက်တက်လာသည့် စစ်ကောင်စီတပ်သား ၆၀ ကျော်အနက် ၁၅ဦးခန့်ထိမှန်သေဆုံးခဲ့ကြောင်း၊ မိုင်းထိမှန် ဒဏ်ရာရသူများထဲမှ ကလေးမြို့ စစ်ဆေးရုံသို့ ရောက်ရှိပြီး နောက်ထပ် ၅ဦး သေဆုံးသွားကြောင်း ဖော်ပြသည်။

ကျေးရွာနေပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု တုံ့ပြန်ခြင်းဖြစ်ဟုဆို

ကလေးနည်းပညာတက္ကသိုလ်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြားတွင် ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦး သေဆုံးခဲ့သည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၆ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ် တင်သားရွာအား လက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်ခဲ့၍ ဒေသခံ ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လမ်းလျှောက်တက်လာသည့် စစ်ကောင်စီတပ်သား ၆၀ ကျော်အနက် ၁၅ဦးခန့်ထိမှန်သေဆုံးခဲ့ကြောင်း၊ မိုင်းထိမှန် ဒဏ်ရာရသူများထဲမှ ကလေးမြို့ စစ်ဆေးရုံသို့ ရောက်ရှိပြီး နောက်ထပ် ၅ဦး သေဆုံးသွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနှင့် ဟံသာ၀တီရွာတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ များသည် ယနေ့နံနက် ၉နာရီခွဲမှစ၍ တင်သားရွာသို့ ဦးတည်ပြီး အဝေးပစ်အမြောက်လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ တင်သားရွာမှ အပြစ်မဲ့ပြည်သူ ၁၀ဦး လက်နက်ကြီး ထိနမှန်ဒဏ်ရာရရှိခဲ့ သည်ဟု ဆိုသည်။

ဒဏ်ရာရသူများအနက် အသက် ၉နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့များ၏ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် တင်သားရွာအတွင်းမှ နေအိမ် ၅လုံး လက်နက်ကြီး ထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုသို့စစ်ကောင်စီတပ်က အကြောင်းမဲ့ ရန်ပြုပစ်ခတ်မှုကြောင့် တင်သား၊ အောင်မင်္ဂလာ၊ မှန်တော၊ ရှားဖို၊ ကျောက်ဖူး ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook