Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်းရွာ ၂ရွာကစစ်စခန်းတွေကို ပကဖ ပူးပေါင်းတပ် တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်-၁၃၊၂၀၂၆။People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်၂၇ရက်ကမြို့နယ်ပကဖ၊ပြင်ဦးလွင်ခရိုင်တပ်ရင်း(၁)၊ မန္တ​လေးခရိုင် ပကဖတို့ ပါဝင်တဲ့ ပူးပေါင်းတပ်က ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးသတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သဲအင်းရွာ တိုက်ပွဲ မှာ အာဏာသိမ်းစစ်တပ် ဘက်ကသေဆုံးမှု​တွေ ရှိခဲ့ပြီး စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြပါတယ်။ဒါ့အပြင် ရှင်လှတောင်ရွာ တိုက်ပွဲမှာလည်းစစ်တပ်ဘက်က အချို့သာ အသက်ရှင်ကျန်ပြီး တပ်စွဲရာ နေရာကို အပြီးသိမ်းရန် ကြိုးစားချိန် စစ်တပ်က စစ်ကူတွေ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ရှင်လှတောင်ရွာတိုက်ပွဲမှာတော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုတိုက်ခိုက်ခဲ့တဲ့ စစ်တပ် တပ်စွဲရာ နေရာတွေဟာ စစ်တပ်အတွက် အချက်အခြာကျတဲ့ နေရာတွေဖြစ်ပြီး အခုလို တိုက်ခိုက်ခံရတဲ့အပေါ် မြို့နယ်အတွင်း စစ်တပ်ဘက်တော်သားတွေ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှု ဖြစ်စေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

မတ္တရာမြို့နယ်အ​ရှေ့ဘက်ခြမ်းက စစ်တပ်စခန်း ၄၀ ​ကျော်ကို ရှမ်းမန်းစစ်ဆင်​ရေးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-(MDY PDF)က သိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြန်လည်ထိုးစစ်ဆင်လာချိန် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတာပါ။ အဲဒီလို ဆုတ်ခွာပေးခဲ့ရပြီးနောက် ပကဖ၊ PDF ပူးပေါင်းတပ်တွေက စစ်တပ် တပ်စွဲရာ ကျေးရွာ နှစ်ခုကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

မန္တလေး PDFအနေနဲ့လည်း ပြီးခဲ့တဲ့ လတွေအတွင်းမှာ တပ်တွင်း စွမ်းရည်မြှင့်သင်တန်းတွေ ကျင်းပနိုင်ခဲ့ပြီး အခုအခါ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးများ အပြည့်အ၀ အဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ၅ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ရဲ့အခြေစိုက်စခန်းတွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၉၉၂၅) တပ်ရင်း Rangoon Warriors PDF တာ၀န်ရှိသူက ပြောပါတယ်။

Facebook