သတင်း ဒီပဲယင်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေအားလုံး မနက်ဖြန်ကစပိတ်ဖို့ ပကဖ စာထုတ် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းမှာဖွင့်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေအားလုံး မနက်ဖြန်ကစပြီးပိတ်ဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2026
သတင်း ဝတပ်ဖွဲ့က အရာရှိနှစ်ဦးကိုကျားဖြန့်မှုနဲ့ ထောင်ချ "ဝ"ပြည်သွေးစည်းညီညွတ်ရေတပ်မတော်(UWSA)အရာရှိနှစ်ဦးကို အွန်လိုင်းငွေလိမ်လုပ် ငန်း(ကျားဖြန့်မှု)မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရာထူးကနေ ထုတ်ပယ်တာနဲ့ ထောင်ဒဏ်ချမှတ်တာတွေကို "ဝ"ပြည်တရားစီရင်ရေး ကော်မတီ - WSPကအမိန့်ချခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2026
သတင်း ဝက်လက်မြို့နယ် အမှတ်(၃)လမ်းမကြီးအနီး စစ်ရေးတင်းမာနေလို့ ခရီးသွားလာမှုမလုပ်ဖို့ တော်လှန်ရေးအဖွဲ့ သတိပေး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃)လမ်းမကြီးအနီးမှာ စစ်ရေးတင်းမာနေလို့ ခရီးသွားလာမှု ရှောင်ကြဥ်ကြဖို့ အမှတ်(၉၇၀၆)တပ်ရင်းက သတိပေးပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2026
သတင်း တီမော သံအရာရှိကို နှင်ထုတ်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို NUG ရှုတ်ချ တီမောလက်စ်တေးနိုင်ငံရဲ့ သံအရာရှိကို နှင်ထုတ်တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2026
သတင်း လူငယ်တွေပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေတဲ့ ပြည်မြို့နယ်က ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း ပဲခူးတိုင်း ပြည်မြို့နယ် ဆီဆုံကုန်းကြီးကျေးရွာမှာ ဒေသခံပြည်သူတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ငထွန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်(၃၆၀၂)တပ်ရင်းက ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 17, 2026