Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း အခြေအနေ တိုးတက်လာလို့ လေယာဉ်တင် သင်္ဘောကို ပြင်သစ်ပြန်ခေါ်

အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေး အခြေအနေ ပြန်လည် တိုးတက်လာတဲ့အတွက် ပြင်သစ်ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီးကို နေရပ်ပြန်ခေါ်တော့မယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AFP

အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေး အခြေအနေ ပြန်လည် တိုးတက်လာတဲ့အတွက် ပြင်သစ်ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီးကို နေရပ်ပြန်ခေါ်တော့မယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းက ဒေသတွင်းမှာ အကြီးအကျယ် စစ်ခင်းခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ကြား ညှိနှိုင်းဆွေးနွေးမှုတွေ တိုးတက်လာတာကြောင့် Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးဟာ ပြင်သစ်ဆီ ပြန်လာတော့မယ်လို့ သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဇူလိုင် ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Charles de Gaulleဟာ တူလွန်မှာရှိတဲ့ အခြေစိုက် ဆိပ်ကမ်းဆီ ပြန်လာမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ ပြင်သစ်ရဲ့ မိုင်းရှင်းရေး ရေတပ်သင်္ဘောတွေကတော့ ဒေသတွင်း မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေမှာဖြစ်ကြောင်း မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

အစောပိုင်းတုန်းက ပြင်သစ်ရေတပ်ဟာ အရှေ့အလယ်ပိုင်း ဒေသက ရေမြှုပ်မိုင်းတွေကို ရှင်းလင်းဖို့ မိုင်းရှင်းသင်္ဘောနှစ်စီး ပို့ဆောင်ထားကြောင်း အတည်ပြုထားပါတယ်။ မိုင်းရှင်းရေယာဉ်တွေကို ဖရီးဂိတ် စစ်သင်္ဘော နှစ်စီး၊ ကင်းလှည့် လေယာဉ် တစ်စီးတို့ အပါအဝင် တခြား အခြံအရ ယူနစ်တွေက ဆက်လက် စောင့်ရှောက်ပေးရင်း ဟောမုဇ် ရေလက်ကြားရဲ့ ဖြတ်သန်းခုတ်မောင်းမှုတွေ ဘေးကင်းရေးအတွက် တာဝန်ယူသွားမယ်လို့လည်း မာခရွန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အီရန်ကြား ရယူခဲ့တဲ့ စစ်ပြေငြိမ်းရေး ကနဦး သဘောတူညီမှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလို့လည်း ပြင်သစ် သမ္မတက ညွှန်းဆိုခဲ့ပါတယ်။

ပြင်သစ်ဟာ ဗြိတိန်ရေတပ်နဲ့ ပူးပေါင်းပြီး ဟောမုဇ်ရေလက်ကြားနဲ့ ပင်လယ်နီ ရေကြောင်းသွားလာမှု လုံခြုံရေး မစ်ရှင်အတွက် မေလကစပြီး Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးကို အရှေ့အလယ်ပိုင်းဆီ ပို့ဆောင်ထားခဲ့ပါ။

လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ ပြင်သစ်ရေတပ်ဖွဲ့ဟာ ဒေသတွင်းရေပြင်မှာ ရှိနေတဲ့ အရပ်ဖက် ရေယာဉ်တွေရဲ့ လုံခြုံရေးနဲ့ လိုအပ်လာရင် ပြင်သစ် နိုင်ငံသားတွေကို ရွှေ့ပြောင်းကယ်ထုတ်နိုင်ရေးအတွက် အဲဒီရေပြင်မှာ အသင့်အနေအထား ဖြန့်ကျက်ထားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Anadolu Agency

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်မှာ ရက်ပေါင်း ၂၅၀ ကျော်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရေတပ်သားတွေထဲမှာ စိတ်ပိုင်းရုပ်ပိုင်း နွမ်းနယ်မှုတွေ စိုးရိမ်စရာ မြင့်တက်လာနေကြောင်း သိရပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

Facebook