Connect with us

Hi, what are you looking for?

သတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရက ယာယီကာကွယ်ရေးစစ်ကြောင်းတွေ ထပ်မံဖွဲ့စည်း

ယာယီကာကွယ်ရေးစစ်ကြောင်းတွေ ထပ်မံတိုးမြှင့်ဖွဲ့စည်းလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ (ဇူလိုင် ၄ရက်)မှာ ထုတ်ပြန်ပါတယ်။

(ပြီးခဲ့တဲ့ ဇွန်လက မကွေးတိုင်း အညာမြေစစ်ဆင်ရေး (Operation Su) အောင်ပွဲမှာ သိမ်းရတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - IMFUG-MOD)

ဇူလိုင်-၄၊၂၀၂၆။ဖိုးသား/People’s Spring

ယာယီကာကွယ်ရေးစစ်ကြောင်းတွေ ထပ်မံတိုးမြှင့်ဖွဲ့စည်းလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ (ဇူလိုင် ၄ရက်)မှာ ထုတ်ပြန်ပါတယ်။

လက်ရှိနယ်မြေအတွင်း လက်တလောဖြစ်ပေါ်နေတဲ့ စစ်တပ်စစ်ကြောင်းတွေရဲ့ တိုက်ခိုက်မှုတွေကို ပိုပြီး ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်ဖို့ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး စနစ်တကျ ပြန်လည်စုဖွဲ့မှုတွေ တိုးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။

ထပ်မံဖွဲ့စည်းလိုက်တဲ့ စစ်ကြောင်းတွေက ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကြောင်းနဲ့ မြိုင်မြို့နယ် အခြေစိုက်စစ်ကြောင်းတွေလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းသစ်တွေဟာ အရင်ဖွဲ့စည်းပြီးဖြစ်တဲ့ ယာယီကာကွယ်ရေးစစ်ကြောင်း ၄ခုနဲ့ လက်တွဲပူးပေါင်းပြီးစစ်တပ်ရဲ့ ခုခံတွန်းလှန်သွားမယ်လို့ ဖော်ပြပါတယ်။

လိုအပ်ချက်တွေအရ စစ်ရေး၊ နိုင်ငံရေး ဆက်လက်စုဖွဲ့မှုတွေကိုလည်း အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုနှစ်ဇွန်လ ၁ ရက်က မကွေးဖက်ဒရယ်ယူနစ် ယာယီကာကွယ်ရေးစစ်ကြောင်း ၄ခုကို မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဖွဲ့စည်းထားခဲ့ပါတယ်။စစ်ကြောင်း (၁)နဲ့ (၃)က ပခုက္ကူခရိုင်၊စစ်ကြောင်း (၂)နဲ့ (၄) က မင်းဘူးခရိုင်တွေမှာရှိတယ်လို့ သိရပါတယ်။

အများစုက ကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားဆန္ဒပြုထားကြတဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့ (LPDF)တွေ ဖြစ်ပါတယ်။

လက်ရှိမကွေးတိုင်းက ခရိုင်ငါးခုစလုံး(မကွေး၊ပခုက္ကူ၊ဂန့်ဂေါ၊သရက်၊မင်းဘူး)က မြို့နယ်တွေမှာ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းနဲ့နယ်မြေတွေကို ပြီးခဲ့တဲ့လက သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ယာဉ်တန်းတွေနဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်နေပြီး ရဟတ်ယာဉ်တစ်စီးကိုပါ ဖျက်ဆီးနိုင်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ