Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ထပ်လိုက်ပြီဖြစ်တဲ့ တေလာဆွစ်ဖ်

ကမ္ဘာကျော် Popဂီတ အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ ချစ်သူနဲ့ ထိမ်းမြားလက်ထပ်လိုက်ပြီလို့ ပရိသတ်တွေဆီ အသိပေး မျှဝေခဲ့ပါတယ်။

ဓာတ်ပုံ - Taylor Swift & Travis Kelce

ကမ္ဘာကျော် Popဂီတ အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ ချစ်သူနဲ့ ထိမ်းမြားလက်ထပ်လိုက်ပြီလို့ ပရိသတ်တွေဆီ အသိပေး မျှဝေခဲ့ပါတယ်။

အသက် ၃၆ နှစ်စီ ရှိပြီဖြစ်တဲ့ ဆွစ်ဖ်နဲ့ အမေရိကန် ဘောလုံး အားကစားကြယ်ပွင့် ထရာဗစ် ကယ်လ်ဆီတို့ဟာ ဇူလိုင် ၃ ရက်နေ့တုန်းက နယူးယောက်မှာရှိတဲ့ မေဒီဆန်စကွဲ ဥယျာဉ်မှာ လက်ထပ်ပွဲ ကျင်းပခဲ့တယ်လို့ ဆွစ်ဖ်ရဲ့ ကိုယ်ရေး အရာရှိက အတည်ပြုခဲ့ပါတယ်။

ဆွစ်ဖ်နဲ့ ကယ်လ်ဆီတို့ရဲ့ လက်ထပ်ပွဲကို မိသားစုဝင်တွေနဲ့ နယ်ပယ်ပေါင်းစုံက ကြယ်ပွင့်တွေ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဥယျာဉ်ထဲမှာ ရွက်ဖျင်တွေ ထိုးပြီး တခမ်းတနား ဆင်ယင်ကျင်းပခဲ့တဲ့ အစီအစဉ်အတွက် လမ်းတချို့ကိုလည်း ပိတ်ခဲ့ရပါတယ်။ ပြီးတော့ ခန့်မှန်း ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀ လောက်ထိ သုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အခမ်းအနားကို မှတ်တမ်းဗီဒီယို ရိုက်ကူးခွင့် မပေးခဲ့သလို ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပေါက်ကြားမှု မဖြစ်ရအောင် ဧည့်ပရိသတ်တွေကိုလည်း ဖုန်းတွေ ယူဆောင်ခွင့် မပြုခဲ့ပါဘူး။ ပြီးတော့ မင်္ဂလာ လက်ဖွဲ့တွေလည်း လက်မခံခဲ့ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်္ဂလာပွဲကို ဧည့်ပရိသတ် ၁၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ယုံကြည်ရပြီး ဂျီဂျီဟာဒစ်၊ ဘရက်ဒ်လေကူးပါး၊ အမ်မာစတုန်း၊ ဇိုးကရာဗစ်ဇ်၊ ဒါကိုတာဂျွန်ဆန်၊ အယ်လီဂိုးလ်ဒင်း၊ ဂျင်မီဖယ်လွန်၊ အက်ဒ်ရှီယန်၊ ဆလီနာဂိုမက်ဇ်၊ ကမီလာ ကာဘယ်လိုစတဲ့ ရုပ်ရှင်နဲ့ ဂီတ ကြယ်ပွင့်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့ ကတည်းက မက်ဒီဆန်စကွဲ တဝိုက်မှာ ထရပ်ကားကြီးတွေ အများအပြား ရောက်ရှိနေပြီး အလုပ်သမားတွေက မင်္ဂလာ အခမ်းအနားအတွက် အဆင်တန်ဆာတွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ပို့ဆောင်ကြ၊ တပ်ဆင်ကြနဲ့ အလုပ်ရှုပ်နေတာကို တွေ့ခဲ့ရပါတယ်။ နီးစပ်သူ တစ်ဦးကတော့ မင်္ဂလာပွဲ အဆင်အပြင်ကြောင့် မက်ဒီဆင်စကွဲရဲ့ မြင်ကွင်းဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ပြောင်းလဲသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မင်္ဂလာစုံတွဲဟာ မင်္ဂလာပွဲ မတိုင်ခင် ရက်ပိုင်းမှာလည်း အခမဲ့ ကျွေးမွေးစောင့်ရှောက်မှုနဲ့ တခြားလူမှုရေး ဝန်ဆောင်မှု အဖွဲ့အစည်းတွေဆီ ဒေါ်လာ ၂၆ သန်းလောက် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

ဆွစ်ဖ်နဲ့ ကယ်လ်ဆီတို့ဟာ စေ့စပ်ထားကြပြီ ဖြစ်တဲ့အကြောင်း မနှစ်က ဩဂုတ် ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဆွစ်ဖ်ဟာ ကန်းဆက်စ်စီးတီး ချိဖ်အသင်းရဲ့ နာမည်ကြီး အမေရိကန် ဘောလုံး အားကစားကြယ်ပွင့်နဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ စပြီး တွဲခဲ့ကြတာပါ။ သူတို့နှစ်ဦးကို အမေရိကန် မီဒီယာတွေက စူပါစုံတွဲအဖြစ် ရည်ညွှန်းခဲ့ကြပါတယ်။

ဆွစ်ဖ်ရဲ့ အသားတင် ကြွယ်ဝမှု ခန့်မှန်းတန်ဖိုးဟာ ဒေါ်လာ ၂.၁ ဘီလီယံလောက် ရှိတယ်လို့ ယုံကြည်ရပြီး ကယ်လ်ဆီကတော့ ဒေါ်လာ သန်း ၁၀၀ လောက် ကြွယ်ဝကြောင်း သိရပါတယ်။

ကိုးကား: People

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအခမ်းအနားပြုလုပ်ထားတဲ့ မဏ္ဍပ်နဲ့ နေအိမ် ၅ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မင်္ဂလာဧည့်ခံပွဲအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မင်္ဂလာ‌ဆောင်တစ်ခုကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၂၄ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၌ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သတို့သမီးအပါအဝင် သေဆုံးသူများဟု ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။