Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေအားလုံး မနက်ဖြန်ကစပိတ်ဖို့ ပကဖ စာထုတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းမှာဖွင့်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေအားလုံး မနက်ဖြန်ကစပြီးပိတ်ဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ-၁၆၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းမှာဖွင့်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်တွေအားလုံး မနက်ဖြန်ကစပြီးပိတ်ဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီပဲယင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ပကဖ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များအားလုံး မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ဆက်လက်ဖွင့်လှစ်ခြင်း မပြုလုပ်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ ဆက်ဖွင့်ထားရင် ကိုယ့်တာဝန်သာဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်အတွင်းမှာ ငွေကောက်ခံတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်အချို့ဟာ ငွေကြေးပြဿနာတွေဖြစ်ပွားတာ၊ လူထုအသွားအလာခက်ခဲတာ၊ အခွန်ကရတဲ့ငွေနဲ့ ဒေသဖွံံံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မှုအားနည်းတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ပိုက်ဆံကောက်တဲ့ ဂိတ်တွေ ပိတ်တာ ကောင်းပါတယ်။ လုံခြုံရေးဂိတ်တော့ ရှိသင့်ပါတယ်။ ပိုက်ဆံဂိတ်တွေက ငွေကြောင့် ပြဿနာတတ်ပြီးတော်လှန်ရေးထိခိုက်တာတွေ များပါတယ်။ ၈၀ ရာခိုင်နှုန်း​က ပြဿနာတွေ ဖြစ်တာ များပါတယ်။ လူထုနဲ့ဖြစ်စေ တော်လှန်ရေး အဖွဲ့ချင်းဖြစ်စေ ပြသနာ ခဏခဏ ဖြစ်ကြပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီပဲယင်းပကဖကို ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခွန်ငွေပေးဆောင်ရတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာကော တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာပါ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး ဒီနှစ် နှစ်ဆန်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက်ညကပဲ ဒီပဲယင်းမြို့နယ် ဘုတ္တန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၃၀နီးပါးပျက်စီးမှုရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook