Connect with us

Hi, what are you looking for?

သတင်း

ဝတပ်ဖွဲ့က အရာရှိနှစ်ဦးကိုကျားဖြန့်မှုနဲ့ ထောင်ချ

“ဝ”ပြည်သွေးစည်းညီညွတ်ရေတပ်မတော်(UWSA)အရာရှိနှစ်ဦးကို အွန်လိုင်း​ငွေလိမ်လုပ်
ငန်း(ကျားဖြန့်မှု)မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရာထူးကနေ ထုတ်ပယ်တာနဲ့ ထောင်ဒဏ်ချမှတ်တာတွေကို “ဝ”ပြည်တရားစီရင်ရေး ကော်မတီ – WSPကအမိန့်ချခဲ့ပါတယ်။

ဝ တပ်ဖွဲ့ ဝင်အချို့ကို စစ်​ရေးပြအခမ်းအနား တခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-AFP

​ဖေ​ဖော်ဝါရီ-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring

“ဝ”ပြည်သွေးစည်းညီညွတ်ရေတပ်မတော်(UWSA)အရာရှိနှစ်ဦးကို အွန်လိုင်း​ငွေလိမ်လုပ်
ငန်း(ကျားဖြန့်မှု)မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရာထူးကနေ ထုတ်ပယ်တာနဲ့ ထောင်ဒဏ်ချမှတ်တာတွေကို “ဝ”ပြည်တရားစီရင်ရေး ကော်မတီ – WSPကအမိန့်ချခဲ့ပါတယ်။

အသက် (၃၀)အရွယ် ဒုတပ်ရင်းမှူး ကျိုးရှီးကုန်းနဲ့ အသက် (၃၉) တပ်ခွဲအဆင့် နိုင်ငံရေးမှူးလော်ယွန့်ကိုင် တို့ကို အရေးယူတာလို့ ဝဒေသသတင်းရင်း
မြစ်ကပြောပါတယ်။

“အမှုက ဖြစ်တာကြာပြီ။စစ်ဆေးနေဝာာပေါ့။ စစ်ဆေးဆဲအမှုတွေလည်းရှိတယ်။တရုတ်က စာရင်းပေးထားပြီးလွတ်နေတဲ့တရားခံတွေလည်းရှိတယ်”လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျိုးရှီးကုန်း နဲ့ညလော်ယွန့်ကိုင်တို့က ကျားဖြန့်လုပ်ကိုင်သူတွေကို ဝှက်ထားပေးခြင်း၊ကူညီရွှေ့ပြောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့တာကြောင့် ရာထူးအားလုံးကို ရပ်ဆိုင်းလိုက်ပြီကျိုးရှီးကုန်းကို ထောင်ဒဏ် (၃)နှစ်၊လော်ယွန့်ကိုင်ကို ထောင်ဒဏ် (၁) နှစ်စီ ချမှတ်လိုက်တယ်လို့ ဖေ​ဖော်ဝါရီ ၁၅ ရက်ကWSP ကြေငြာချက်ကို ကိုးကားပြီ ဝ​ဒေသတွင်းသတင်း​တွေကိုအသား​ပေး​ဖော်ပြ​ပေး​နေတဲ့ Wa News Land ကဖော်ပြထားပါတယ်။

UWSA ဟာ ဒေသတွင်း ကျားဖြန့်နှိမ့်နင်းရေးအတွက် တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာထားပြီး ကျားဖြန့်အမှုမှာ ပါဝင်ပတ်သက်သူတရုတ်နိုင်ငံသားတွေကိုလည်း တရုတ်အစိုးရထံ ပြန်လွှဲပေးနေပါတယ်။ ဒါ့အပြင် ကျားဖြန့်နဲ့ ပတ်သက်ပြီး UWSA အရာရှိတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ကိုတရုတ်အစိုးရကဖမ်းဝရမ်းထုတ်ထားပါတယ်။

UWSAရဲ့ဆောက်လုပ်ရေးဌာနမှူးကြီးပေါက်အိုက်ပန်းနဲ့မိုင်းလင်းခရိုင်မှူးအိုက်ဟော်ဟာတရုတ်နိုင်ငံသားတွေ ထိခိုက်နစ်နာစေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေတာသက်သေအခိုင်အမာရရှိထားတယ်ဆိုပြီး တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်၂၀၂၄ခုနှစ်အောက်တိုဘာလမှာ တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာမှာ ပေါက်အိုက်ပန်းနဲ့အိုက်ဟော်အကြောင်း သတင်းပေးနိုင်သူကို တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ အထိ ပေးမယ်လို့ ဆုကြေးထုတ်ခဲ့ပါတယ်။တရုတ်က ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် ပေါက်အိုက်ပန်းနဲ့အိုက်ဟော်ကို ထုတ်ပယ်ကြောင်းနဲ့၎င်းတို့ နှစ်ဦးဟာ “ဝ”ပြည်နယ်အစိုးရနဲ့ အိမ်နီးချင်းနိုင်ငံများအပေါ် နိုင်ငံရေးအရ ယုံကြည်မှုကိုထိခိုက်စေတယ်လို့ UWSAကထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့နယ်စပ်မြို့တွေမှာ ကျားဖြန့်တိုက်ဖျက်ရေးအတွက်တရုတ်အစိုးရကUWSAအပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့နဲ့လည်း ဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။