Connect with us

Hi, what are you looking for?

သတင်း

ရေကြည်မြို့နယ်က စစ်တပ် (၂၂၇)ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို AA ထပ်မံသိမ်းပိုက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

(ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ် (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုအား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေ။ ဓာတ်ပုံ - AA)

■ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ AA ထုတ်ပြန်

■ထွက်ပြေးနေတဲ့ တပ်မ(၆၆)လက်အောက်ခံ

တပ်ကို လိုက်လံချေမှုန်းနေ

ဇူလိုင်-၄၊၂၀၂၆/People’s Spring

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂ရက်မှာ ရေကြည်မြို့နယ်ရှိ စစ်တပ် (၂၂၇) ပွိုင့်ကုန်းရဲ့ အနောက်ဘက် (၁.၁) ကီလိုမီတာခန့်အကွာမှာ တပ်စွဲထားတဲ့ ပထမကာကင်းကုန်းနဲ့ ဇူလိုင် ၃ရက်မှာ(၂၂၇) ပွိုင့်ကုန်းကနေ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ဒုတိယကာကင်းကုန်း(တာဝါတိုင်စခန်းကုန်း)တို့ကို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့တာလို့ အာရက္ခတပ်တော်(AA)က ဖော်ပြပါတယ်။

အဲဒီ ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲတွေက ရန်သူ့အလောင်းအချို့နဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ထပ်မံ အသိပေးပါတယ်။ ဒါ့အပြင် စစ်တပ်က အထိအခိုက်၊ အကျအဆုံးများစွာနဲ့ ပွိုင့် (၂၂၇) ကုန်းကို ကစဉ့်ကလျား ထွက်ပြေးနေတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက ရန်သူတွေကိုလည်း လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိတယ်လို့ လည်း​ဖော်ပြပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈) နဲ့ ပွိုင့် (၁၄၈)ကုန်းတို့ကို AAနဲ့ မဟာမိတ်တို့က ဇွန်လ ၁၇ရက်၊ ၁၉ရက် နဲ့ ၂၁ရက်တွေမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်းမှာလည်း အဲဒီပတ်ဝန်းကျင်တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ်က ပွိုင့်ကုန်းတွေ ပြန်လည်ရယူနိုင်ဖို့ စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်တွေကို မရပ်မနားပြုလုပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်သူဟာ (၃၄၄) အမြောက်တပ်ကို ပုသိမ်အခြေစိုက်တပ်ရင်းတွေက ထပ်မံ အင်အားဖြည့်တင်းနေတဲ့နည်းတူ လေးမျက်နှာဘက်မှာလည်း အင်အားဖြည့်တင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းစိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဲဒီလမ်းတစ်လျှောက်မှာ တပ်ဖြန့်နေရာယူတာကို စစ်အင်အားအများအပြားသုံးထားတယ်လို့လည်း AAကအသိ​ပေးပါတယ်။

စစ်တပ်ဟာ စစ်ဆိုင်ထားတဲ့နေရာတွေကို အဝေးကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အသေခံဒရုန်းများနဲ့ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ် ၊ဂွမြို့နယ်အတွင်းဝင်ရောက်နိုင်ဖို့ လေကြောင်းမှ နေ့စဉ် ဗုံးကြဲနေသလိုကုန်းလမ်း၊ ရေလမ်းတို့ကလည်း နည်းအမျိုးမျိုးနဲ့ ထိုးဖောက်ဖို့ ကြိုးစား​နေတာကြောင့် ရက္ခိုင်-ဧရာဝတီ အစပ် နေရာ​တွေမှာတိုက်ပွဲ​တွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေတာဖြစ်တယ်လို့ AA ကအသိ​ပေးပါတယ် ။ စစ်တပ်က (၃၄၄) အမြောက်တပ်နဲ့ပုသိမ်အခြေစိုက် တပ်ရင်း​တွေကထုတ်နုတ်အင်အား (၄၀၀) ကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့အသိ​ပေးပါတယ် ။

စစ်တပ်ကအခုလိုထိုးစစ်ကိုအကြိမ်ကြိမ်လုပ်​ခဲ့​ပေမယ့် အာရက္ခတပ်​တော်က တန်ပြန်တိုက်စစ်​​တွေနဲ့ စစ်တပ်စခန်း​တွေကိုဆက်တိုက်သိမ်းယူ​နေတာဖြစ်တယ်လို့အသိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ

Facebook