Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေဟု CNA ပြော

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(တိုက်ပွဲဖြစ်ပွားနေတဲ့ ထန်လတန်မြို့လယ်တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - Chinland Defense Force-Thantlang)

ဇူလိုင် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁နှစ်ခွဲကျော်ကတည်းက ချင်းတပ်တွေနဲ့ စစ်တပ်ဟာ ထန်တလန်မြို့ပေါ်မှာ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေမှာ စစ်တပ်က ဇွန်လအစောပိုင်းမှာ ဟားခါးမြို့ကနေ ထန်တလန်မြို့ကို စစ်အင်အားဖြည့်တင်းခဲ့ပါတယ်။ အဲဒီလို စစ်အင်အားဖြည့်တင်းပြီးနောက် နှစ်ဖက်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာလို့ ဆိုပါတယ်။

“သူတို့က လက်နက်ကြီးနဲ့ ဒရုန်းကို အင်မတန်သုံးတဲ့ အနေအထားပေါ့။ မြေပြင်မှာတော့ အနီးကပ်တိုက်ပွဲတွေလည်း အသည်းအသန်ဖြစ်နေတဲ့အနေအထားပါပဲ။” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က တိုက်ခိုက်တဲ့ ဗုံးတွေအနက်အချို့ဗုံးတွေရဲ့ အခိုးအငွေ့တွေကြောင့် ချင်းရဲဘော်တွေ မအီမသာ ဝေဒနာတွေခံစားရတယ်လို့လည်း အသိပေးပါတယ်။

“အဲဒီ ဗုံးရဲ့ အခိုးတွေပေါ့ အဲဒါတွေ ရှုလိုက်ရင် ရဲဘော်တွေက မအီမသာဖြစ်သလို အော့ခံချင်သလို အားပြတ်သလို အဲဒီလို ခံစားရတာပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ထန်တလန်မြို့ပေါ်က အရင်ကတပ်စွဲထားတဲ့ တပ်စခန်းဟောင်းနေရာတွေ အပါအဝင် နေရာ ၇ခုထက်မနည်း ရှိနေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“သူတို့က မြို့တခုလုံးထိန်းချုပ်ပြီးတော့မှ အဲဒီအခါမှာ သူတို့က နယ်ထဲကို ဆင်းမှာပေါ့ နယ်မြေစိုးမိုးအတွက်ဆိုပြီးတော့ သူတို့က လုပ်လာနိုင်တယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဇွန်လပထမပတ်မှာ ထန်တလန်မြို့ကို စစ်အင်အား ၂၅၀ လောက်ဖြည့်တင်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထန်တလန်မြို့နယ်အတွင်း ချင်းတော်လှန်ရေးတပ်တွေ ရှိရာနေရာတွေ တပ်စခန်းတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ လေယာဉ်ဗုံးနဲ့ လက်နက်ကြီးကြောင့် ၂ရက် ၁ဦးနှုန်း သေဆုံးနေ

သတင်း

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေပြီး ဇူလိုင် ၃ရက် တစ်ရက်တည်းမှာ ပြန်ပေးဆွဲမှုနဲ့ ဓားခုတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။