Connect with us

Hi, what are you looking for?

News

စစ်ရှောင်များအပါအဝင် လိုအပ်ချက်ရှိသူ ၆သိန်းကျော်အား WFPကစားနပ်ရိက္ခာများ ပေးအပ်

ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့မှ စားနပ်ရိက္ခာအခက်အခဲရှိသူ လူဦးရေ ၆သိန်းကျော်ကို စားနပ်ရိက္ခာ ပေးအပ်ခဲ့ ကြောင်းကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယ​နေ့ညတွင် သတင်းထုတ်ပြန်သည်။

WFP အနေဖြင့် ကချင်၊ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်များမှ စားနပ်ရိက္ခာ အခက်အခဲရှိသူ ၃၄၀,၀၀၀ အပါအဝင် လိုအပ်ချက်ရှိသူများကို လစဉ် စားနပ်ရိက္ခာ (သို့) ငွေကြေးအကူအညီများ‌ေပးအပ်ခဲ့‌ေကြာင်း၊ ယခုမေလတွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်က လူပေါင်း ၃၃၄,၀၀၀ အတွက် တစ်လစာဆန်ရိက္ခာများပါအဝင်စားနပ်ရိက္ခာကို ဖြန့်ဖြူးပေးနေကြောင်း WFPက ဆိုသည်။

“အဆိုပါအကူအညီကို ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးနေရာများနဲ့ နေထိုင်မှုအတည်တကျမရှိသေးတဲ့ အခြေချသူများရှိရာနေရာများရှိ ထိခိုက်လွယ်သူများကို တိုက်ရိုက်ပေးဝေခဲ့ပါတယ်”ဟု WFPက ထုတ်ပြန်သည်။
WFP အနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပေးအပ်လျက်ရှိသည့် လူသားချင်းစာနာမှု အထောက်အပံ့များရပ်တန့်သွားခြင်းမရှိဘဲ အထက်ပါအထောက်အပံ့များကို ထပ်တိုးပေးအပ်ကူညီခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အကူအညီများကို နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ၊ သက်ကြီးရွယ်အိုများရှိသည့် မိသားစုများ၊ မသန်စွမ်းသူများ၊ ကလေးငယ်များ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များအပြင် ထူးခြားအာဟာရလိုအပ်ချက်ရှိသူများနှင့် ထိခိုက်လွယ်သူများအတွက် ပေးအပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

“လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ပဋိပက္ခကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်စေ၊ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်စေ နိုင်ငံနေရာဒေသအတော်များများမှာ အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူများရဲ့ လိုအပ်ချက်များကို ကြိုးစားဖြည့်ဆည်းပေးလျက်ရှိပါတယ်။” WFP ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။