Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုရီးယားရောက်မြန်မာတွေရဲ့ One Day Challenge ကနေ NUGကို လစဉ် ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့နိုင်မယ်

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ တောင်ကိုရီးယားရောက်မြန်မာရဲဘော်တွေကို နိုင်ငံတော်က လုံး၀ အလိုရှိနေတယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ- ကိုရီးယားက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားရောက်မြန်မာတွေလုပ်ဆောင်တဲ့ One Day Challenge ကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လစဉ် အမေရိကန်ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့နိုင်ပြီလို့ အဲဒီလှုပ်ရှားမှု လုပ်ဆောင်နေသူတွေက ကြေညာထားပါတယ်။

တောင်ကိုရီးယားရောက် မြန်မာတွေဟာ လစဉ် သူတို့လစာထဲက တစ်ရက်စာ လှူဒါန်းမယ့် One Day Challenge ကိုလုပ်ဆောင်နေပြီး အောက်တိုဘာ ၃ ရက်အထိ အဲဒီလှုပ်ရှားမှုကို ပါဝင်သူ အဖွဲ့ဝင် ၁၂၇၄ ဦး ရှိနေကာ NUG ကို လစဉ် ဝမ် ၁,၁၉၆ သိန်း ၉ သောင်း ထည့်ဝင်လှူဒါန်း သွားမယ်လို့ သိရပါတယ်။

Public Service Announcement

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ တောင်ကိုရီးယားရောက်မြန်မာရဲဘော်တွေကို နိုင်ငံတော်က လုံး၀ အလိုရှိနေတယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ- ကိုရီးယားက ထုတ်ပြန်ပါတယ်။

သူရဲကောင်းတွေ၊ အသက်တွေပေးဆပ်နေကြတဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ပြည်ပရောက် မြန်မာတွေရဲ့တစ်ရက်စာလုပ်အားခကို ပေးဆပ်ဖို့ ဝန်မလေးရင် One Day Challenge မှာပူးပေါင်းပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

One Day Challenge မှာ အဖွဲ့ဝင်လိုသူတွေဟာ https://onedaykorea.org/request-form ကတဆင့် အချက်အလက်ဖြည့်သွင်းပြီး မန်ဘာဝင်နိုင်တယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက်မြန်မာတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချကာ လိုအပ်တဲ့နေရာတွေမှာ ကူညီပံ့ပိုးဖို့အတွက် အလှူငွေကောက်ခံတာ၊ ရန်ပုံငွေ စုဆောင်းကောက်ခံတာ စသဖြင့်တောက်လျှောက်လုပ်ဆောင်နေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။