Connect with us

Hi, what are you looking for?

News

ကိုရီးယားရောက်မြန်မာတွေရဲ့ One Day Challenge ကနေ NUGကို လစဉ် ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့နိုင်မယ်

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ တောင်ကိုရီးယားရောက်မြန်မာရဲဘော်တွေကို နိုင်ငံတော်က လုံး၀ အလိုရှိနေတယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ- ကိုရီးယားက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားရောက်မြန်မာတွေလုပ်ဆောင်တဲ့ One Day Challenge ကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လစဉ် အမေရိကန်ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့နိုင်ပြီလို့ အဲဒီလှုပ်ရှားမှု လုပ်ဆောင်နေသူတွေက ကြေညာထားပါတယ်။

တောင်ကိုရီးယားရောက် မြန်မာတွေဟာ လစဉ် သူတို့လစာထဲက တစ်ရက်စာ လှူဒါန်းမယ့် One Day Challenge ကိုလုပ်ဆောင်နေပြီး အောက်တိုဘာ ၃ ရက်အထိ အဲဒီလှုပ်ရှားမှုကို ပါဝင်သူ အဖွဲ့ဝင် ၁၂၇၄ ဦး ရှိနေကာ NUG ကို လစဉ် ဝမ် ၁,၁၉၆ သိန်း ၉ သောင်း ထည့်ဝင်လှူဒါန်း သွားမယ်လို့ သိရပါတယ်။

Public Service Announcement

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ တောင်ကိုရီးယားရောက်မြန်မာရဲဘော်တွေကို နိုင်ငံတော်က လုံး၀ အလိုရှိနေတယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ- ကိုရီးယားက ထုတ်ပြန်ပါတယ်။

သူရဲကောင်းတွေ၊ အသက်တွေပေးဆပ်နေကြတဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ပြည်ပရောက် မြန်မာတွေရဲ့တစ်ရက်စာလုပ်အားခကို ပေးဆပ်ဖို့ ဝန်မလေးရင် One Day Challenge မှာပူးပေါင်းပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

One Day Challenge မှာ အဖွဲ့ဝင်လိုသူတွေဟာ https://onedaykorea.org/request-form ကတဆင့် အချက်အလက်ဖြည့်သွင်းပြီး မန်ဘာဝင်နိုင်တယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက်မြန်မာတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချကာ လိုအပ်တဲ့နေရာတွေမှာ ကူညီပံ့ပိုးဖို့အတွက် အလှူငွေကောက်ခံတာ၊ ရန်ပုံငွေ စုဆောင်းကောက်ခံတာ စသဖြင့်တောက်လျှောက်လုပ်ဆောင်နေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။