Connect with us

Hi, what are you looking for?

LuduNwayOo

News

နာရီနဲ့ချီပြီး Facebook ပြတ်တောက်ပြီးတဲ့နောက် မတ်ဇူကာဘတ် ဒေါ်လာ ၆ ဘီလီယံခန့် ဆုံးရှုံး

မနေ့က မြန်မာစံတော်ချိန် ညပိုင်း ၁၀ နာရီလောက်ကစပြီး ကမ္ဘာတလွှားမှာ facebook ၊Instagram နဲ့ WhatsApp တို့ သုံးစွဲလို့မရအောင်ပြတ်တောက်သွားတာပါ။

နာမည်ကျော် လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့အတူ Instagram နဲ့ WhatsApp တို့ နာရီနဲ့ချီပြီး အသုံးပြုလို့မရအောင်ပြတ်တောက်သွားပြီးတဲ့နောက် မက်ဇူကာဘတ် ဟာ သူရဲ့ချမ်းသာကြွယ်ဝမှုကနေ အမေရိကန် ဒေါ်လာ ၆ ဘီလီယံလောက်ဆုံးရှုံးသွားတယ်လို့သိရပါတယ်။

မနေ့က မြန်မာစံတော်ချိန် ညပိုင်း ၁၀ နာရီလောက်ကစပြီး ကမ္ဘာတလွှားမှာ facebook ၊Instagram နဲ့ WhatsApp တို့ သုံးစွဲလို့မရအောင်ပြတ်တောက်သွားတာပါ။

ဒီပြတ်တောက်မှုဟာ ၆ နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ဒီအကျိုးဆက်ကြောင့် ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးရဲ့ရှယ်ယာဟာ ၄.၉ ရာခိုင်နှုန်းထိ ထိုးကျသွား သလို မတ်ဇူကာဘတ်ဟာ လည်း ဘီလီယံနာ စာရင်းမှာ နံပါတ် ၅ နေရာထိလျောကျသွားပါတယ်။

Public Service Announcement

Public Service Announcement

Facebook ဟာ လတ်တလောမှာ သူရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ကုမ္ပဏီဟာထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ပြဿနာတွေကို သိရှိထားပေမယ့် ထိခိုက်လာနိုင်ခြေတွေကို မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဝေါစရိဂျာနယ်က Facebook အကြောင်းကို စတင်ရေးသားခဲ့ပါတယ်။

ဝေါစရိဂျာနယ်ကို Facebook ကုမ္ပဏီရဲ့အချက်အလက်တွေ ဖွင့်ချ ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး Frances Haugen ဟာ facebook မှာ ၂ နှစ်နီးပါးအလုပ်လုပ်ခဲ့သူပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အဲဒီအမျိုးသမီးဟာ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ Facebook နဲ့ပတ်သက်တဲ့မကျေနပ်ချက်တွေကို ထုတ်ပြောခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

သတင်း

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

သတင်း

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။