Connect with us

Hi, what are you looking for?

News

နာရီနဲ့ချီပြီး Facebook ပြတ်တောက်ပြီးတဲ့နောက် မတ်ဇူကာဘတ် ဒေါ်လာ ၆ ဘီလီယံခန့် ဆုံးရှုံး

မနေ့က မြန်မာစံတော်ချိန် ညပိုင်း ၁၀ နာရီလောက်ကစပြီး ကမ္ဘာတလွှားမှာ facebook ၊Instagram နဲ့ WhatsApp တို့ သုံးစွဲလို့မရအောင်ပြတ်တောက်သွားတာပါ။

နာမည်ကျော် လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့အတူ Instagram နဲ့ WhatsApp တို့ နာရီနဲ့ချီပြီး အသုံးပြုလို့မရအောင်ပြတ်တောက်သွားပြီးတဲ့နောက် မက်ဇူကာဘတ် ဟာ သူရဲ့ချမ်းသာကြွယ်ဝမှုကနေ အမေရိကန် ဒေါ်လာ ၆ ဘီလီယံလောက်ဆုံးရှုံးသွားတယ်လို့သိရပါတယ်။

မနေ့က မြန်မာစံတော်ချိန် ညပိုင်း ၁၀ နာရီလောက်ကစပြီး ကမ္ဘာတလွှားမှာ facebook ၊Instagram နဲ့ WhatsApp တို့ သုံးစွဲလို့မရအောင်ပြတ်တောက်သွားတာပါ။

ဒီပြတ်တောက်မှုဟာ ၆ နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ဒီအကျိုးဆက်ကြောင့် ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးရဲ့ရှယ်ယာဟာ ၄.၉ ရာခိုင်နှုန်းထိ ထိုးကျသွား သလို မတ်ဇူကာဘတ်ဟာ လည်း ဘီလီယံနာ စာရင်းမှာ နံပါတ် ၅ နေရာထိလျောကျသွားပါတယ်။

Public Service Announcement

Public Service Announcement

Facebook ဟာ လတ်တလောမှာ သူရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ကုမ္ပဏီဟာထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ပြဿနာတွေကို သိရှိထားပေမယ့် ထိခိုက်လာနိုင်ခြေတွေကို မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဝေါစရိဂျာနယ်က Facebook အကြောင်းကို စတင်ရေးသားခဲ့ပါတယ်။

ဝေါစရိဂျာနယ်ကို Facebook ကုမ္ပဏီရဲ့အချက်အလက်တွေ ဖွင့်ချ ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး Frances Haugen ဟာ facebook မှာ ၂ နှစ်နီးပါးအလုပ်လုပ်ခဲ့သူပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အဲဒီအမျိုးသမီးဟာ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ Facebook နဲ့ပတ်သက်တဲ့မကျေနပ်ချက်တွေကို ထုတ်ပြောခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

Facebookရဲ့ မိခင်ကုမ္ပဏီ Metaဟာ လူမှုကွန်ရက်တွေကနေတဆင့် ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပါးခြိမ်းခြောက်မှုတွေကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။