Connect with us

Hi, what are you looking for?

News

လေးကေ့ကော်​ဒေသစစ်ရှောင်ပြည်သူ ခုနှစ်ထောင်ကျော်လာ၊ ထိုင်းဘက်သို့နှစ်​ထောင်​ကျော်တိမ်း​ရှောင်​​နေရ

“ခန့်မှန်းခြေ ခုနှစ်ထောင်ကျော်ပြီ။ ထိုင်ဘက်ကို ရောက်တာက နှစ်ထောင်လောက် ရှိမယ်။ ထိုင်းဘက်ကတော့ လမ်းဖွင့်ပေးထာတယ်။ သူတို့က အရပ်သားပဲဆိုတော့ လူသာချင်းစာနာတဲ့အနေနဲ့ ခဏတဖြုတ်သူတို့ လက်ခံမှာပေါ့” ဟု ၎င်းက ဆက်​ပြောသည်။

စစ်​ဘေး​ရှောင်ပြည်သူများ

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် လေးကေ့ကော်မြို့နှင့် အနီးတ၀ိုက်ရှိ ကျေးရွာမျာမှ ပြည်သူ ခုနှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင် ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၄ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေးကေ့ကော်၌ ခိုလှုံနေသူများကို အဓမ္မတ ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် စစ်ရေးတင်းမာက ဒီဇင်ဘာ ၁၅၊ ၁၆ရက်များ၌ အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာ အချို့မှာ သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်းသို့လည်းကောင်း၊ နယ်စပ်နှင့် ဝေးသည့် ဒေသခံများသည် ဖလူးဒေသ တောတောင်များဘက်သို့လည်းကောင်း တိမ်းရှောင်သွားကြသည်ဟု KNU တာဝန်ရှိသူက ပြောသည်။

စစ်​ဘေး​ရှောင်ပြည်သူများ

“ခန့်မှန်းခြေ ခုနှစ်ထောင်ကျော်ပြီ။ ထိုင်ဘက်ကို ရောက်တာက နှစ်ထောင်လောက် ရှိမယ်။ ထိုင်းဘက်ကတော့ လမ်းဖွင့်ပေးထာတယ်။ သူတို့က အရပ်သားပဲဆိုတော့ လူသာချင်းစာနာတဲ့အနေနဲ့ ခဏတဖြုတ်သူတို့ လက်ခံမှာပေါ့” ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းဘက်ခြမ်းရောက် စစ်ရှောင်လူဦးရေ၂၅၀၃ ဦးရှိပြီး ကလေးနှင့်အရွယ်မရောက်သေးသူ – ၅၄၅ ဦးပါဝင်​ကြောင်း စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေ​သော ထိုင်းနိုင်ငံအ​ခြေစိုက် AAC မှ ကိုရဲမင်းက သူ၏​ဖေစ်ဘွခ်စာမျက်နှာတွင်​ရေးသားထားသည်။

စစ်​ရှောင်ပြည်သူများအတွက်အရေးပေါ် လိုအပ်နေသော ပစ္စည်းများ စောင်၊ခြင်ထောင်၊အနွေးထည်၊ဖျာ၊အခင်းများ၊မိုးကာတာလပတ်များ၊သွားတိုက်ဆေး၊သွားတိုက်တံ၊ဆပ်ပြာ၊ဆပ်ပြာမှုန့်၊ရေခွက်ရေပုံးများ၊ကော်ဇလားများ၊ကော်ပုဂံပြားများ၊ကော်ဇလုံများ၊အဝတ်အထည်များ၊အရေးပေါ် စားနပ်ရိက္ခာများ ခလေးနို့မှုန့်များ၊စားသောက်စရာမုန့်များ ခလေးများအတွက်အဝတ်အထည် ဖြစ်​ကြောင်း AAC က ထုတ်ပြန်ထားသည်။

လတ်တလောတွင် ထိုင်းရောက် စစ်ရှောင်များကို ထိုင်းအာဏာပိုင်များ၊ ဒေသခံများနှင့် ကရင်လူမှုအဖွဲ့အစည်းများ က အကူအညီပေးထားသကဲ့သို့ ပြည်တွင်း၌ တိမ်းရှောင်နေသူများ၏ အခြေအနေကိုမူ စုံစမ်းဆဲဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နယ်စပ်ဖြတ်ကျော် ရှောင်တိမ်းလာသည့် မြန်မာပြည်သူများကို လူသားချင်းစာနာသည့် အနေဖြင့် ကူညီပေးရန်မေတ္တာရပ်ခံထားသည်။ NUG အနေဖြင့်လည်း လေးကေ့ကော်စစ်ရှောင်များထံ အကူအညီများ ရောက်ရှိရေး ဆောင်ရွက်နေကြောင်း၊ စစ်အာဏာရှင်ကို အမြစ်ပြတ် တွန်းလှန်နိုင်မှသာ ယခုကဲ့သို့ ဘေးမှ လုံး၀ ကင်းလွတ်မည်ဖြစ်ကြောင်း လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။