Connect with us

Hi, what are you looking for?

News

သောင်ရင်းမြစ်ကမ်းဘေး ထိုင်းဘက်ခြမ်းမှာ နေထိုင်သည့် လေးကေ့ကော်ဒေသ စစ်ရှောင်များ

“သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်ခြမ်း မှာနေတာ။ မြန်မာဘက်ခြမ်းနေရင် စိတ်မချရလို့ပေ့ါ။ မနေ့က တိုက်ပွဲဖြစ်တာ အမျိုးသမီးတစ်ယောက်သေသွားတယ်လေ”ဟု ကရင်အမျိုးသားမီဒီယာမှ ကိုမန်းမျိုးမြင့်က ပြောသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲများကြောင့် အဆိုပါ ဒေသ၌ နေထိုင်သည့် ပြည်သူလူထုများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်မှုများရှိနေရာ နယ်ခြားသောင်ရင်းမြစ်အနီး ယာယီတဲများထိုး၍ နေထိုင်သူများလည်းရှိသည်။

ထိုင်းဘက်သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ရှောင် ၄,၀၀၀ကျော် ကျန်ရှိနေသေးရာ ရာနှင့်ချီသည့် ဒေသခံများသည် မြစ်ကမ်းအနီး၌ပင် နေထိုင်ကြပြီး ၃ ၀၀၀ ကျော်မှာ ထိုင်းနိုင်ငံက စီစဉ်ပေးသည့် စစ်ရှောင်စခန်း၌ နေထိုင်ကြသည်ဟု ဆိုသည်။

“သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်ခြမ်း မှာနေတာ။ မြန်မာဘက်ခြမ်းနေရင် စိတ်မချရလို့ပေ့ါ။ မနေ့က တိုက်ပွဲဖြစ်တာ အမျိုးသမီးတစ်ယောက်သေသွားတယ်လေ”ဟု ကရင်အမျိုးသားမီဒီယာမှ ကိုမန်းမျိုးမြင့်က ပြောသည်။

ထိုသို့ နေထိုင်ခြင်းမှာ နေရပ်သို့ ပြန်ပါက အလွယ်တကူ ပြန်နိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် လာခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၅ရက်မှ စတင်ပြီး တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ အလွန်အကျွံပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ရှောင်းများ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။